DVB Logo
Home
မြန်မာသတင်း
ရိုးမဘဏ်က ချေးငွေပြန်ဆပ်ရမည့် ကာလကို ဧပြီလကုန်ထိ ဆိုင်းငံ့
DVB
·
April 3, 2021
ရိုးမဘဏ်က ချေးငွေပြန်ဆပ်ရမည့် ကာလကို ဧပြီလကုန်ထိ ဆိုင်းငံ့
Donate to DVB

မြန်မာပြည်တွင်း ပုဂ္ဂလိကဘဏ်တခုဖြစ်တဲ့ ရိုးမဘဏ်က ချေးငွေရယူထားသူတွေ ပြန်လည်ပေးဆပ်ရမယ့် ကာလကို အခုဧပြီလကုန်ထိ ဆိုင်းငံ့လိုက်တယ်လို့ ထုတ်ပြန် ထားပါတယ်။

ဒီထုတ်ပြန်ချက်ထဲမှာတော့ ကိုဗစ်-၁၉  ကပ်ရောဂါသက်ရောက်မှုနဲ့ လတ်တလော အခြေအနေတွေကြောင့် အခက်အခဲဖြစ်နေကြတဲ့ Customer တွေကို ပံ့ပိုးကူညီနိုင်ဖို့ ရိုး မဘဏ်အနေနဲ့ ချေးငွေ ပြန်လည်ပေးဆပ်မှုအစီအစဉ်ကို တိုးမြှင့်ပေးလိုက်တာလို့ ဖော်ပြပါတယ်။

ခုလိုချေးငွေပြန်လည်ပေးအပ်မှု ဆိုင်းငံ့ခြင်းအစီအစဉ်မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ချေးငွေပြန်လည်ပေးဆပ်ဖို့ ရက်ပေါင်း ၈၉ ရက်အထိ ပျက်ကွက်တဲ့ Customer တွေလည်း အကျုံးဝင်ပြီး ဖေဖော်ဝါရီ၊ မတ်၊ ဧပြီ ၃ လအတွက် ချေးငွေ ပြန်လည်ပေးဆပ်မှု နောက်ကျကြေးတွေကိုလည်း ကောက်ခံမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံအတွင်းက အသေးစားနဲ့အလတ်စား လုပ်ငန်းတွေကို ငွေထုတ်ချေးရာမှာ အကူအညီရစေဖို့ နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်းတခုဖြစ်တဲ့ IFC က ၂၀၁၄ ခုနှစ်မှာ  ရိုးမဘဏ်ကို ငွေထုတ်ချေးခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၉ ခုနှစ်မှာတော့ IFC ရဲ့ ချေးငွေတွေကို ရိုးမဘဏ်ရဲ့ အစုရှယ်ယာအဖြစ် အသွင်ပြောင်းလဲခဲ့တာကြောင့် ရိုးမဘဏ်ဟာ မြန်မာနိုင်ငံမှာ ပထမဦးဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပြုလုပ်တဲ့ ပုဂ္ဂလိကဘဏ်တခု ဖြစ်လာခဲ့တာပါ။

ဒါ့အပြင် GIC (Greenwood Capital Pte Ltd) နဲ့ Norfund တို့ကလည်း ၂၀၂၀ ပြည့်နှစ်အစောပိုင်းက ရိုးမဘဏ်မှာ ငွေကျပ် ၁၃၀ ဘီလီယံ တန်ဖိုးရှိတဲ့ အစုရှယ်ယာတွေ ထည့်ဝင် ရင်းနှီးမြှုပ်နှံထားတယ်လို့ ရိုးမဘဏ်ရဲ့ ဝက်ဘ်ဆိုက်ဒ်စာမျက်နှာပေါ်မှာ ဖော်ပြထားပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းမှု ၂ လအကြာ မြန်မာနိုင်ငံမှာ ကုန်သွယ် ရေးလုပ်ငန်းတွေ ရပ်ဆိုင်းတာတွေ၊ ပုဂ္ဂလိကဘဏ်တွေ ပိတ်ထားရပြီး အင်တာနက်လိုင်းတွေပါ ပိတ်ထားတဲ့အတွက် ငွေပေးငွေယူလုပ်ငန်းတွေ၊ အွန်လိုင်းအရောင်းအဝယ်နဲ့ ငွေ ကြေးစီးဆင်းမှုတွေ ထိခိုက်လာတဲ့အပြင် အများပြည်သူတွေကြား လည်ပတ်သုံးစွဲနေတဲ့ ငွေကြေးထုတ်ယူရရှိနိုင်ဖို့ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013