DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံ မြစ်ကြီးနားအခြေစိုက် သတင်းသမား ၂ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် ရမန်ယူ
DVB
·
April 2, 2021
ဖမ်းဆီးခံ မြစ်ကြီးနားအခြေစိုက် သတင်းသမား ၂ ဦးကို ပုဒ်မ ၅၀၅-က ဖြင့် ရမန်ယူ
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်မှာ မတ်လ ၂၉ ရက် မနက်က ဆန္ဒပြနေတဲ့ပြည်သူတွေကို ရဲနဲ့ စစ်တပ်က  အကြမ်းဖက်ဖြိုခွဲစဉ်  သတင်းရိုက်ကူးနေတဲ့ သတင်းသမား ၂ ယောက် အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခံခဲ့ရပြီး ဧပြီ ၁ ရက်နေ့မှာ ပုဒ်မ၅၀၅- ကနဲ့  တရားရုံး ရမန်ယူခဲ့တယ်လို့ သိရပါတယ်။

“တရားတော့မစွဲသေးဘူး ရဲရဲ့ ချုပ်ရက်အတိုင်း မချုပ်နိုင်တော့လို့ တရားရုံးရဲ့ ချုပ်မိန့်နဲ့ ရမန် (ချုပ်ရက်) ယူထားတယ်။ မတ်လ ၉ ရက်နေ့မှ အမှုတင်မှာပေါ့။ ရဲစခန်းမှာပဲ ရဲကဖမ်းထားပြီး တရားစွဲနိုင်ဖို့ သက်သေတွေစုဆောင်း အမှုတည်ဆောက်ပြီးမှ တရားရုံးပို့မှာပါ” လို့ လိုက်ပါဆောင်ရွက်ပေးနေသူ တရားလွှတ်တော်ရှေ့နေက ပြောပါတယ်။

မြစ်ကြီးနားအခြေစိုက် Kachin Waves သတင်းဌာနက သတင်းထောက် ကိုလရော်နဲ့ The 74 Media မှ သတင်းထောက်မချန်ဘူတို့က မိမိတို့ဟာ ဆန္ဒပြသူတွေမဟုတ်ဘဲ သတင်းထောက်တွေဖြစ်ကြောင်း ဖမ်းဆီးတဲ့ ရဲနဲ့ စစ်တပ်ကို ပြောခဲ့ပေမဲ့  သတင်းသမားတွေကို ​ပိုပြီးရိုက်ရမယ်လို့ပြောဆိုကာ ဖမ်းဆီးရိုက်နှက်ခေါ်ဆောင်သွားတယ်လို့ မျက်မြင်တွေ့သူက ပြန်ပြောပြပါတယ်။

ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဆူပူလှုံဆော်မှုဟာ ပြစ်မှုထင်ရှားကြောင်း စီရင်ခံရပါက ထောင်ဒဏ် ၂ နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်ကြောင်း သိရပါတယ်။

မြစ်ကြီးနားမြို့မှာ ဖေဖော်ဝါရီ  ၁၄ ရက်ကလည်း သတင်းထောက် ၅ ယောက်၊ ဖေဖော်ဝါရီ ၂၈ ရက်မှာ သတင်းထောက် ၁ ယောက် သတင်းရယူစဉ် ဖမ်းဆီးခံရပြီး PCG (ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့) ကနေ ကြားဝင်ညှိနှိုင်းမှုနဲ့ ပြန်လွတ်လာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013