DVB Logo
Home
မြန်မာသတင်း
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူများအတွက် ဂျပန်ဘုန်းတော်ကြီးများ ဆုတောင်းမေတ္တာပို့
DVB
·
April 2, 2021
နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူများအတွက် ဂျပန်ဘုန်းတော်ကြီးများ ဆုတောင်းမေတ္တာပို့
1 / 8
Donate to DVB

မြန်မာပြည်သူတွေကို သတ်ဖြတ်နှိပ်စက်နေမှုတဲ့ အာဏာသိမ်းစစ်အုပ်စုကို ဂျပန်အစိုးရ အနေနဲ့ အကူအညီ မပေးဖို့နဲ့ ဆန္ဒပြဖော်ထုတ်ရင်း အသက်ပေးဆုံးရှုံးခဲ့ရသူ မြန်မာပြည်သူတွေအတွက် ဘာသာပေါင်းစုံဆုတောင်းပွဲကို တိုကျိုမြို့ နိုင်ငံခြားရေးဝန်ကြီးရုံးရှေ့မှာ ဧပြီ ၁ ရက်ညဦးပိုင်းက ဂျပန်အန်ဂျီအိုအဖွဲ့ ၃၀ က ပူးပေါင်းပြုလုပ်ခဲ့ပါတယ်။

ဂျပန်ပြည်သူတွေရဲ့ဘဏ္ဍာငွေတွေနဲ့ မြန်မာပြည်သူတွေကို မသတ်မိစေနဲ့ ဆိုင်းဘုတ်တွေကို ဘာသာပေါင်းစုံ ဘုန်းတော်ကြီးတွေက ကိုင်ဆောင်ပြီး မြန်မာနိုင်ငံမှာ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးဆုံးရှုံးခဲ့ရသူတွေကို ရည်စူးကာဆုတောင်းမေတ္တာပို့ခဲ့ကြပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းကိုလည်း တာဝန်ရှိသူတွေက ဝင်ရောက်တွေ့ဆုံကာ အိုဒီအေ အပါအဝင် စစ်ကောင်စီကို အထောက်အပံ့အကူအညီများ ရပ်ဆိုင်းဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဆုတောင်းမေတ္တာပို့နဲ့ တောင်းဆိုပွဲကို AYUS International Buddhist Network ဘုန်းတော်ကြီးအဖွဲ့နဲ့ Mekon Watch တို့က ဦးဆောင်ခဲ့ပြီး FoE Japan၊ NAJAT ဗုဒ္ဓဘာသာ အဖွဲ့၊ ပရိုတက်စတန် ခရစ်ယာန် ဂျပန်ဘုန်းတော်ကြီးများအဖွဲ့အပါအဝင် ဂျပန်အန်ဂျီအို ၃၀ ကျော်က ပူးပေါင်းပြီး ဂျပန်နိုင်ငံစီမံကိန်းနဲ့ဘဏ္ဍာရေးဝန်ကြီးမစ္စတာ Taro Arso ဆီလည်း မြန်မာစစ်အုပ်စုကို အကူအညီအထောက်အပံ့မပြုဖို့ စုပေါင်းလက်မှတ်ထိုးရေးထိုးပေးပို့ခဲ့တယ်လို့ Mekon Watch အမှုဆောင်ဒါရိုက်တာ ယူခ ခီဂူချီ က ဒီဗွီဘီကိုပြောပါတယ်။

ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနကို ဂျပန်အန်ဂျီအိုတွေနဲ့အတူ တောင်းဆိုခဲ့မှုပြုခဲ့သူ CRPH အထောက်အကူပြုကော်မတီ(ဂျပန်)က ဦးမြင့်ဆွေကလည်း အခုလို ဂျပန်ပြည်သူတွေကပါ။ အကြမ်းဘက်လူသတ်မြန်မာစစ်အုပ်စုကို စက်ဆုတ်ရွံရှာနေတာတွေ့ရလို့ မြန်မာပြည်သူတွေရဲ့ စစ်အာဏာရှင် ပြုတ်ကျရေး လှုပ်ရှားမှု အောင်မြင်မယ်လို့ မိမိအနေနဲ့ ယုံကြည်ကြောင်းလည်း ဒီဗွီဘီကို ပြောပါတယ်။

အေအေပီပီ ထုတ်ပြန်ချက်အရ ဧပြီလ ၁ ရက်နေ့အထိ နွေဦးတော်လှန်ရေးအတွင်း အသက်ပေးခဲ့ရသူ ၅၄၃ ဦးရှိပြီဖြစ်ပါတယ်။

ဇော်ဇော်လှိုင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013