DVB Logo
Home
မြန်မာသတင်း
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးကလေးငယ် ၄၃ ဦးရှိဟု Save the Children အဖွဲ့ ထုတ်ပြန်
DVB
·
April 2, 2021
စစ်တပ်၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကျဆုံးကလေးငယ် ၄၃ ဦးရှိဟု Save the Children အဖွဲ့ ထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းမှု ၂ လကြာ မြန်မာ့နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ် နဲ့ရဲ လက်နက်ကိုင်အင်အားစုတွေရဲ့ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးခဲ့ရတဲ့ ကလေးငယ် ၄၃ ယောက်ထိ ရှိလာခဲ့တယ်လို့ Save the Children အဖွဲ့က ထုတ်ပြန်ပါတယ်။

ကလေးတွေ အသက်ဆုံးရှုံးရမှုဟာ ပြီးခဲ့တဲ့ ၁၂ ရက်တာအတွင်း နှစ်ဆမြင့် တက်ခဲ့ပြီး ဒါဟာ လက်နက်ကိုင်အင်အားစုတွေက ကလေးငယ်တွေရဲ့ အသက်ကို လုံးဝ လေးစားမှုမရှိကြောင်း ပြသနေတာဖြစ်တယ်လို့ ဆိုပါတယ်။

အသက်ဆုံးရှုံးရတဲ့ ကလေးတွေထဲ အငယ်ဆုံးက ၇ နှစ်အရွယ်သာရှိသေးတဲ့ မိန်း ကလေးငယ်ဖြစ်ကာ အသက် ၁၆ နှစ်အောက် ကလေးငယ်စုစုပေါင်း ၁၅ ယောက်နဲ့ အ သက် ၉ နှစ်အရွယ်၊ ၁၁ အရွယ် ကလေးတွေလည်း ပါဝင်တယ်လို့ Save the Children က ပြောပါတယ်။

ကျဆုံးကလေးငယ်တွေထဲက အသက် ၁၃ နှစ်အရွယ် လူငယ်လေးတယောက်က တော့ လက်နက်ကိုင်အင်အားစုတွေရဲ့ အဝေးကို ရှောင်တိမ်းထွက်ပြေးဖို့  ကြိုးစားနေချိန်မှာ ဦးခေါင်းကိုကျည်ဆံနဲ့ ပစ်ခတ်ခံရကာ အသက်ဆုံးရှုံးခဲ့ရပြီး မန္တလေးမှ အသက် ၁၄ နှစ်အရွယ် လူငယ်လေးတယောက်ဟာလည်း နေအိမ်ထဲရှိနေချိန်မှာ ကျည်ဆန်ထိမှန် အ သက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြတဲ့ ကလေးသူငယ် အရေအတွက်ကို မသိရှိရသေးပေမယ့် သိသာထင် ရှားသော ပမာဏ ဖြစ်ဖွယ်ရှိပြီး သတင်းတွေအရ ထိခိုက်ဒဏ်ရာရရှိတဲ့ ကလေးသူငယ် တွေထဲ မျက်လုံးကို ရာဘာကျည်ဆန်နဲ့ အပစ်ခံရတဲ့ အသက် ၁ နှစ်အရွယ် ကလေးငယ်ယောက်လည်း ပါဝင်နေတယ်လို့ ဆိုပါတယ်။

ကလေးသူငယ်တွေကို အန္တရာယ်ကျရောက်မှုကနေ အကာအကွယ်ပေးဖို့ ထပ်ခါ တလဲလဲ တောင်းဆိုမှုတွေပြုလုပ်နေပေမယ့် ကလေးတွေဟာ အသက်သေစေနိုင်လောက်တဲ့ ပစ်ခတ်မှုတွေရဲ့ ပစ်မှတ်တွေမှာ ဆက်လက်ရှိနေတာကို ထိတ်လန့်တုန်လှုပ်မိကြောင်း၊ အထူးသဖြင့် အဆိုပါကလေးငယ်တွေအတွက် အန္တရာယ် မကျရောက်သင့်တဲ့ နေရာဖြစ်တဲ့ နေအိမ်မှာ ရှိနေချိန်မှာတောင် ပစ်ခတ်ခံရတာဟာ ထိတ်လန့်ကြောက်ရွံ့ ဖွယ်ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် ဆက်လက်ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေကြောင့် ရရှိခံစားရတဲ့ ကြောက်ရွံ့ထိတ်လန့်မှုတွေ၊ စိတ်ဖိစီးမှုနဲ့ ၀မ်းနည်းမှုတွေဟာ မြန်မာနိုင်ငံက သန်းပေါင်း များစွာသော ကလေးသူငယ်တွေရဲ့ စိတ်ကျန်းမာရေးအပေါ် ဆိုးကျိုးသက်ရောက်စေတယ်လို့ Save the Children က ဆိုပါတယ်။

          Save the Children အနေနဲ့ ဆန္ဒပြသူတွေအပေါ် သေစေနိုင်လောက်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို ချက်ချင်းရပ်တန့်ဖို့ လက်နက်ကိုင်အင်အားစုတွေကို ထပ်မံ တောင်းဆိုလိုက်ပါတယ်။

ဘယ်လိုအကျပ်အတည်း ကာလတွေမှာမဆို ကလေးသူငယ်တွေဟာ အပြစ်ကင်းမဲ့တဲ့ သားကောင်တွေ ဖြစ်နေရပြီး မြန်မာနိုင်ငံရှိ ကလေးသူငယ်တွေကို ကာကွယ်နိုင်မယ့် တခုတည်းသော နည်းလမ်းကတော့ သေစေနိုင်လောက်တဲ့ အကြမ်းဖက်မှုတွေအားလုံးကို လုံးဝ ရပ်တန့်လိုက်ဖို့ပဲ ဖြစ်တယ်လို့ ပြောပါတယ်။

      နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)ရဲ့ စာရင်း ပြုစုမှုအရ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ လအကြာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် နွေဦးတော်လှန် ရေးကာလအတွင်း ကျဆုံးပြည်သူပေါင်း ၅၃၆ ယောက်ထိ ရှိလာခဲ့ပြီ လို့ ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013