DVB Logo
Home
မြန်မာသတင်း
Facebook က မြန်မာနိုင်ငံ၌ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် အသစ်တစ်ခု မိတ်ဆက်
DVB
·
April 1, 2021
Facebook က မြန်မာနိုင်ငံ၌ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် အသစ်တစ်ခု မိတ်ဆက်
Donate to DVB

ဖေ့စ်ဘွတ်ခ်ကနေ အသုံးပြုသူတွေရဲ့ ကိုယ်ရေးမှတ်တမ်းကို သူငယ်ချင်း မဟုတ်သူတွေ မမြင်နိုင်အောင် ပိတ်ထားလို့ရတဲ့ ဘေးကင်းလုံခြုံရေးဆိုင်ရာ လုပ်ဆောင်ချက် အသစ်တစ်ခုကို မြန်မာနိုင်ငံမှာ စတင် မိတ်ဆက်လိုက်ပါတယ်။

အခုမိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်က အသုံးပြုသူတွေအတွက် ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားနိုင်အောင် ဆောင်ရွက်ပေးမှာဖြစ်ပြီး ကိုယ့်ရဲ့ ဖေ့စ်ဘွတ်ခ် အသုံးပြုမှု အတွေ့အကြုံကို ပိုပြီး ထိန်းချုပ်လိုတဲ့သူတွေအတွက် ရည်ရွယ်ထားပါတယ်။

ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားလိုက်ရင် ဖေ့စ်ဘွတ်ခ်မှာ သူငယ်ချင်းမဟုတ်သူတွေဟာ ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းဓာတ်ပုံနဲ့  မျက်နှာဖုံးဓာတ်ပုံတွေကို အပြည့်မြင်ရအောင် ချဲ့ကြည့်တာ၊ တစ်ခြားနေရာကို ဝေမျှတာ ဒါမှမဟုတ် ဒေါင်းလုတ်လုပ်တာတွေ ကိုယ့်ရဲ့တိုင်းမ်လိုင်းက ဓာတ်ပုံနဲ့ ပိုစ့်တွေကို ဝင်ကြည့်တာတွေ မလုပ်နိုင်တော့ပါဘူး။ ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားတယ်ဆိုတာ သတိပေးတဲ့အနေနဲ့ ကိုယ်ရေးမှတ်တမ်း စာမျက်နှာမှာ သတိပေးစာတစ်ခုကို ဖော်ပြပေးထားမှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကိုယ်ရေးမှတ်တမ်းကနေ ဒီလုပ်ဆောင်ချက်ကို အသုံးပြုပြီး ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားမယ်ဆိုရင်

-ပရိုဖိုင်အမည်အောက်က ကိုယ်ရေးမှတ်တမ်းဆက်တင် အစက် (၃)စက် ကို နှိပ်ပါ။

- သင့်ကိုယ်ရေးမှတ်တမ်းကို ပိတ်ထားရန် ကို နှိပ်ပါ။

-  သင့်ကိုယ်ရေးမှတ်တမ်းကို သင် ပိတ်ထားပါတယ်မှာ ထပ်ပြီး အတည်ပြုပေးပါ။

မြန်မာနိုင်ငံတွင်းမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေတွေ၊ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေအတွင်းမှာ  လုံခြုံရေးနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်စရာတွေကို မြန်မာ့အရေး တက်ကြွလှုပ်ရှားသူတွေ၊ သတင်းထောက်တွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေ အပါအဝင် နယ်ပယ်ပေါင်းစုံနဲ့ ပြောဆိုမှုတွေနဲ့အတူ အခုချိန်မှာတော့ ထပ်ဆောင်း ဘေးကင်းလုံခြုံရေး လုပ်ဆောင်ချက်တွေ လိုအပ်နေပြီဆိုတာ သိရှိခဲ့ပါတယ်။

“Facebook အနေနဲ့ အသုံးပြုသူတွေအားလုံး ကိုယ်ဖော်ပြချင်တဲ့ အကြောင်းအရာတွေကို လုံခြုံစိတ်ချစွာနဲ့ ဖော်ပြနိုင်တဲ့ ပလက်ဖောင်းတစ်ခုအဖြစ် ပံ့ပိုးပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက အသုံးပြုသူတွေက သူတို့ရဲ့ အွန်လိုင်း ကိုယ်ရေးမှတ်တမ်းအတွက် ကာကွယ်ပေးမှုနဲ့ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ရှိနေတယ်ဆိုတာ  ကျွန်တော်တို့ အသေအချာ သိရှိနားလည်ထားပါတယ်။ ဒီနေ့ မိတ်ဆက်လိုက်တဲ့ လုပ်ဆောင်ချက်အသစ်က အသုံးပြုသူတွေအနေနဲ့ ကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်လုံခြုံမှုအတွက် ပိုပြီး ထိန်းချုပ်နိုင်မှာဖြစ်တဲ့အပြင် အွန်လိုင်းပေါ်မှာ ပိုပြီး ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်အောင် ဆောင်ရွက်ပေးနိုင်မှာ  ဖြစ်ပါတယ်” လို့ အာရှပစိဖိတ်ဒေသ၊ ဖွံ့ဖြိုးဆဲနိုင်ငံများရဲ့ ပြည်သူ့ရေးရာ မူဝါဒဆိုင်ရာ ဒါရိုက်တာ ရာဖဲလ်ဖရန်ကယ်လ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013