DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှု ၂ လအကြာ ကျဆုံးပြည်သူ ၅၃၆ ဦး၊ ဖမ်းဆီးခံရသူ ၂၇၂၉ ဦးရှိလာ
DVB
·
April 1, 2021
စစ်အာဏာသိမ်းမှု ၂ လအကြာ ကျဆုံးပြည်သူ ၅၃၆ ဦး၊ ဖမ်းဆီးခံရသူ ၂၇၂၉ ဦးရှိလာ
Donate to DVB

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှု ၂ လအကြာ အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် မြန်မာ့နွေဦးတော်လှန်ရေးကာလတွင်း ကျဆုံးပြည်သူပေါင်း ၅၃၆ ယောက်ထိ ရှိလာခဲ့ပြီ လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန် ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၃၁ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီးချုပ်နှောင်ခံထားရသူ စုစုပေါင်းကတော့ ၂၇၂၉ ယောက် ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ၃၈ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပြီး  အမှုဖွင့်ခံထားရပြီး ဖမ်းဝ ရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၂၀ ယောက်နဲ့ ခုရက်ပိုင်းတွေအတွင်း ပြန်လည်လွတ်မြောက်လာသူတွေလည်း ရှိနေပါတယ်။    

မတ် ၃၁ ရက်နေ့မှာလည်း မြန်မာပြည်အနှံ့အပြားမှာ ပြည်သူတွေဟာ စစ်အာဏာ ရှင်ဆန့်ကျင်မှုတွေနဲ့ ဆက်လက်ဆန္ဒထုတ်ဖော်နေကြပြီး စစ်ကိုင်းတိုင်း ကလေးမြို့နယ် နတ်ချောင်းရွာအနီး ဖြိုခွင်းမှုမှာ အမျိုးသား ၁ ယောက် ဦးခေါင်းကို ကျည်သင့်ပြီး ကျဆုံး ခဲ့ပြီး ၈ ယောက်လောက် ထိခိုက်ဒဏ်ရာတွေ ရရှိသွားခဲ့ကြပါတယ်။ 

ရှမ်းပြည်နယ် ကျောက်မဲမြို့မှာတော့ စစ်တပ်နဲ့ ရဲလုံခြုံရေးတပ်ဖွဲ့တွေက ရာဘာ ကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေ ရှိခဲ့ပေမယ့် ကျဆုံး၊ ဒဏ်ရာရရှိတာ မျိုး မရှိခဲ့ပါဘူး။ ရန်ကုန်တိုင်း သာကေတမြို့နယ်မှာ ဆန္ဒထုတ်ဖော်ခြင်းမပြုမီ လူစုနေချိန် မှာ ပစ်ခတ်မှုတချို့ရှိခဲ့ပြီး လမ်းတွေထဲထိ ဝင်ရောက်ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ကြတယ်လို့ အေအေပီပီက ဆိုပါတယ်။

မနက်ပိုင်းနဲ့ နေ့လည်ပိုင်းမှာ ရန်ကုန်တိုင်းအတွင်း အပြင်းအထန် အင်အားသုံး ဖြို ခွင်းတာမျိုးတွေ မတွေ့ရဘဲ ငြိမ်သက်ခဲ့ပေမယ့် ညနေပိုင်းမှာတော့ အကြမ်းဖက် ပစ်ခတ် မှုတွေ၊ ဖမ်းဆီးမှုတွေ နေရာအတော်များများမှာ ပြန်လည်ပြုလုပ်လာခဲ့ကြတယ်လို့ ဆိုပါ တယ်။

ဒါနဲ့ ဆက်စပ်နေတာကတော့ CNN သတင်းဌာနရဲ့ နိုင်ငံတကာ သတင်းထောက် ချုပ် Clarissa Ward မြန်မာနိုင်ငံတွင်း သတင်းလာရောက်ယူနေချိန်ဖြစ်နေတယ်လို့ လည်း အေအေပီပီက ဆိုပါတယ်။

 သတင်းထောက်ချုပ်အနေနဲ့ သွားရာနေရာတိုင်းမှာ စစ်ကားအများအပြားနဲ့ လက် နက်ကိုင် စစ်သားတွေ လိုက်ပါနေတာကြောင့်မို့ မြေပြင်သတင်းအမှန်ရရှိနိုင်ဖို့ ခက်ခဲ မှာဖြစ်ပြီး တွေ့လိုတဲ့သူတွေ၊ အကြမ်းဖက်ဖြိုခွဲနေတဲ့ နေရာတွေဆီ သွားရောက်သတင်း ယူဖို့လည်း ခွင့်ပြုချက်ရနိုင်မှာ မဟုတ်ကြောင်း၊ ဒါ့အပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ် တချို့မှာလည်း လျှပ်စစ်မီးတွေ ဖြတ်တောက်ထားပြီး သတင်းစီးဆင်းမှုကို ဖြတ်တောက် ထားတဲ့အတွက် မြေပြင် သတင်းအမှန်တွေရရှိမှု နှောင့်နှေးနေကြောင်းလည်း ထုတ်ပြန် ချက်ထဲမှာ ဖော်ပြပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုဟာ နေ့စဉ်ရက်ဆက်ဆိုသလို ဖမ်းဆီး၊ ထိန်းသိမ်း ထားသူတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေပြုလုပ်နေကြတဲ့အပြင် လုံခြုံခွင့်ပေးရမယ့်နေရာ (Safe Zone)လို့ သတ်မှတ်ထားတဲ့ နေရာတွေပါမကျန် ဆက်တိုက်စီးနင်းမှုတွေ ပြုလုပ် နေကြတာ ဖြစ်ပြီး မတ် ၃၁ ရက်မနက် ၂ နာရီအချိန်မှာ ရန်ကုန်တိုင်း တောင်ဥက္ကလာပ မြို့နယ်ထဲက တက်လန်းဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ပြီး ဆေးရုံဝန်ထမ်းတွေကို အော် ဟစ်ဆဲဆိုကာ နံပါတ်တုတ်နဲ့ ရိုက်တာတွေ၊ ဖိနပ်နဲ့ ခေါင်းကိုကန်တာတွေ၊ ပါးရိုက်တာ၊ ဆွဲထိုးတာတွေကိုပါ ပြုလုပ်ခဲ့ကြပြီး သူတို့ရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ဖုံးကွယ်ဖို့အ တွက် CCTV မှတ်တမ်းတွေကိုပါ ဖျက်ဆီးသွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်အုပ်စုက အာဏာသိမ်းခဲ့ပြီးနောက် တိုင်းရင်းသားလက်နက်ကိုင်တချို့က အာ ဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပြီး တိုင်းရင်းသား ဒေသတချို့မှာလည်း တိုက်ပွဲတွေ စတင်ဖြစ်ပွားလာခဲ့တာကို တွေ့ရပါတယ်။ အထူး သ ဖြင့် ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ လက်နက်ကိုင်တိုက်ပွဲတွေ ဆက်တိုက်ဖြစ် ပွားလာနေပြီး ဒေသခံဌာနေတိုင်းရင်းသားတွေ သေဆုံး၊ ဒဏ်ရာရရှိမှုတွေ ရှိလာကြတဲ့အ ပြင် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်းလည်း အေအေပီပီက ပြောပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ် ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီး သီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013