DVB Logo
Home
မြန်မာသတင်း
ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းကို ကေအိုင်အေ ဝင်တိုက်၊ စခန်းမှူး ၁ ဦး ဒဏ်ရာရပြီး လက်နက်များ ပါသွား
DVB
·
March 31, 2021
ရွှေကူမြို့နယ် ကျောက်ကြီးရဲစခန်းကို ကေအိုင်အေ ဝင်တိုက်၊ စခန်းမှူး ၁ ဦး ဒဏ်ရာရပြီး လက်နက်များ ပါသွား
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ကျောက်ကြီးနယ်မြေရဲစခန်းကို  ကချင်လက်နက်ကိုင်အဖွဲ့ ကေအိုင်အေ က မတ်လ ၃၁ ရက် ဒီနေ့မနက်  ၄ နာရီလောက်က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့လို့ စခန်းမှူးဖြစ်သူ ဒဏ်ရာရပြီး စခန်းရှိလက်နက်တွေ ပါသွားတယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

ဝင်ရောက်စီးနင်း ပစ်ခတ်မှုအပြီး လတ်တလောအခြေအနေအရ ရဲစခန်းတခုလုံး အပျက်အစီးတွေ များစွာရှိခဲ့ပြီး ဒေသခံ ကျေးရွာသူရွာသားတွေကတော့ ထိခိုက်မှုမရှိပါဘူး။ 

ကျောက်ကြီးဒေသခံ အမျိုးသမီးတစ်ဦးက “ မနက် ၄ နာရီထိုးခါနည်းလောက်က စပစ်တာ ကျမတို့လည်း ကြောက်လို့ ပုန်းနေကြတာ။ တော်တော်လေးပစ်တယ် မိနစ် ၂၀ လောက်ပစ်တယ်။ ပစ်ပြီးတော့ အခုမနက်ပိုင်းကျတော့ သိရတာကကျတော့ စခန်းမှူးရဲ့ ပေါင်ထိသွားတယ်လို့ အဲဒါပဲကြားရတယ်”လို့ပြောပါတယ်။   

တခြားဒေသခံတစ်ဦးကလည်း “ မနက် ၃ နာရီခွဲလောက်ကို ဝင်တယ်ပေါ့။ ဝင်တော့ အခု စခန်းမှူးတစ်ယောက် ပေါင်ကို ကျည်ထိသွားတယ်တဲ့။ ရွှေကူ ရောက်သွားပြီတဲ့ လက်နက်တွေ အားလုံးကတော့ သိမ်းသွားတယ်တဲ့။ ပြီးရင်ကားနဲ့ ပြန်ထွက်သွားတယ် စခန်းကိုလည်း ပွစိလန်ခတ်နေတာပဲတဲ့”လို့ ပြောပါတယ်။

အဆိုပါ ကျောက်ကြီးနယ်မြေရဲစခန်းဟာ ကေအိုင်အေ နယ်မြေနဲ့ထိစပ်နေတဲ့ ဧရာဝတီမြစ်တစ်ဘက်ကမ်းက ကျောက်ကြီးကျေးရွာမှာ တည်ရှိတာဖြစ်ပြီး အခုလိုရဲစခန်းကို ကေအိုင်အေက ဝင်ရောက်စီးနင်းတာဟာ ပထမဆုံးအကြိမ် ဖြစ်တယ်လို့သိရပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013