DVB Logo
Home
မြန်မာသတင်း
မူဆယ် သပိတ်ဆက်လက်ချီတက်၊ ကွတ်ခိုင်တွင် မူဆယ်အတွက် Save Muse ကမ်ပိန်းပြုလုပ်
DVB
·
March 31, 2021
မူဆယ် သပိတ်ဆက်လက်ချီတက်၊ ကွတ်ခိုင်တွင် မူဆယ်အတွက် Save Muse ကမ်ပိန်းပြုလုပ်
1 / 10
Donate to DVB

အကြမ်းဖက်စစ်တပ်နဲ့ရဲက ဖြိုခွင်းနေပေမယ့် မတ်လ ၃၁ ရက်နေ့မှာ မူဆယ် သပိတ်ဆက်လက် ချီတက်သလို ကွတ်ခိုင်ကလည်း Save Muse ကမ်ပိန်း ပြုလုပ်ခဲ့ကြပါတယ်။

မူဆယ်မှာ စစ်အာဏာရှင်စနစ်ကို ငြိမ်းချမ်းစွာ ဆန့်ကျင် ဆန္ဒထုတ်ဖော်တဲ့ သပိတ်စစ်ကြောင်းတွေကို စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တို့က အကြမ်းဖက် ဖြိုခွင်းနေတာကြောင့် နေ့စဥ် ပုံစ်အမျိုးမျိုးပြောင်းပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန်နေကြတာပါ။

ကွတ်ခိုင်မြို့မှာလည်း အကြမ်းဖက် ဖြိုခွင်းခံရတဲ့ မူဆယ်အတွက် မတ်လ ၃၁ ရက် မနက်ပိုင်းမှာ  Save Muse ကမ်ပိန်း ပြုလုပ်ပေးခဲ့ကြပါတယ်။

မူဆယ်မှာ စစ်တပ်၊ ရဲနဲ့ ပြည်သူ့စစ်တပ်ဖွဲ့တို့မှ သပိတ်စစ်ကြောင်းကို အကြမ်းဖက် ပစ်ခတ် ဖြိုခွင်းတာကြောင့် ၄ ဦး ကျဆုံးခဲ့ပြီး ဖမ်းဆီးခံရသူအများအပြားရှိသလို ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013