DVB Logo
Home
မြန်မာသတင်း
နေခြည်ဦး၊ Dr. Laurel တို့အပါအဝင် ဘလော့ဂါ ၁၁ ဦးကို အမည်ပျက်စာရင်းကြေညာ
DVB
·
March 31, 2021
နေခြည်ဦး၊ Dr. Laurel တို့အပါအဝင် ဘလော့ဂါ ၁၁ ဦးကို အမည်ပျက်စာရင်းကြေညာ
Donate to DVB

နာမည်ကျော် ဗျူးတီးဘလော့ဂါတယောက်ဖြစ်တဲ့ နေခြည်ဦး၊ Dr. Laurel တို့ အပါ အဝင် ဘလော့ဂါ ၁၁ ယောက်ကို Myanmar Bloggers Community က အမည်ပျက်စာ ရင်း ကြေညာလိုက်ပါတယ်။

မတ် ၃၀ ရက်စွဲနဲ့ အဆိုပါ ထုတ်ပြန်ချက်မှာတော့ အာဏာသိမ်း စစ်ကောင်စီရဲ့  မြန်မာနိုင်ငံသားတွေအပေါ် ကျူးလွန်နေတဲ့ အကြမ်းဖက် လူသတ် လုပ်ရပ်တွေကို လစ် လျူရှု၊ နှုတ်ဆိတ်ပေးခဲ့ကြတဲ့ ဘလော့ဂါတွေနဲ့ သူတို့ရဲ့ ဘလော့၊ ဝက်ဘ်ဆိုက်၊ ဆိုရှယ် မီဒီယာတွေကို လူမှုရေး ပြစ်ဒဏ်အဖြစ် အမည်ပျက်စာရင်းသွင်းကြောင်း ဖော်ပြထားတာ ဖြစ်ပါတယ်။

ဒီစာရင်းထဲမှာတော့ နေခြည်ဦး(Beauty by Naychi)၊ ခင်စံပယ်သန်း(Dr. Laurel)၊ ဇေယျာမျိုးတင်(Zeyar Blogs)၊ ရဲရင့်(Ye Yint)၊ သူရိန်အောင်(Bee Lat Pyan)၊ ညိုနိုင်ဝင်း (Terry Win)၊ စောသန္တာမြင့်(I Write I Travel)၊ ရှိုးရှိုးအောင်(Show Show Aung)၊ ပန်ဆု ရည်အောင်(My Workshop)၊ ကျော်ဆုငုံချစ်(Sweet Diary)၊ ဆင်းရွှေရည်ထွန်း(Arizona Beauty)စတဲ့ ဘလော့ဂါတွေ ပါဝင်နေတာ ဖြစ်ပါတယ်။

ဒါ့အပြင် ထုတ်ပြန်ချက်ထဲမှာ Myanmar Bloggers Community ရဲ့ အဖွဲ့ဝင် ဘ လော့ဂါတွေနဲ့ မိတ်ဖက် စီးပွားရေးလုပ်ငန်းတွေကိုလည်း အဆိုပါ ပုဂ္ဂိုလ်တွေနဲ့ လုပ်ငန်းအတူ တွဲဖက်လုပ်ကိုင်တာ၊ ဒါမှမဟုတ် ဈေးကွက်ဖော်ဆောင်ရေး လုပ်ငန်းတွေမှာ ငှားရမ်း အသုံးပြုတာမျိုးတွေ မပြုလုပ်ကြဖို့လည်း မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013