
တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ ကိုးကန့် (MNTJP/MNDAA)၊ တအောင်း (PSLF/TNLA)နဲ့ ရက္ခိုင့်တပ်တော် (ULA/AA) တို့ရဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီး ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီက (CRPH) ကြိုဆိုပါတယ်။
မြန်မာ့နွေဦးတော်လှန်ရေး အောင်မြင်ရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ထောင်ရေးတို့အတွက် အတူလက်တွဲ ကြိုးပမ်းဆောင်ရွက်သွားဖို့ ဖိတ်ခေါ်ကြောင်းကိုလည်း ဒီကနေ့ မတ်လ ၃၀ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ CRPH ကြေညာချက်အရသိရပါတယ်။
အာဏာသိမ်းအကြမ်းဖက်စစ်တပ်အနေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်နေတာ ချက်ချင်းရပ်တန့်ပေးဖို့၊ ပြည်သူတွေကို ဆက်လက်ပစ်ခတ်နေပါက နွေဦးတော်လှန်ရေးဆင်နွှဲနေကြတဲ့ တိုင်ရင်းသားလူမျိုးပေါင်းစုံ ညီနောင်တွေနဲ့အတူ ခုခံကာကွယ်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ညီနောင်မဟာမိတ် ၃ ဖွဲ့က ကြေညာချက်ထုတ်ထားတာပါ။