DVB Logo
Home
မြန်မာသတင်း
ပြည်သူ့အခွင့်အရေးနှင့် တာဝန်များကို ဒီမိုကရေစီစနစ်ကသာ အာမခံနိုင်ဟု NUG ပြော
DVB
·
September 15, 2026
Photo: NUG
Photo: NUG
Donate to DVB

ဒီမိုကရေစီစနစ်ဟာ ပြည်သူတွေရဲ့ အခွင့်အရေးနဲ့ တာဝန်တွေကို အာမခံပေးနိုင်တဲ့ အရေးကြီးတဲ့ အုပ်ချုပ်ရေးစနစ်ဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ယာယီသမ္မတ ဒူဝါလရှီးလက စက်တင်ဘာ ၁၅ ရက်မှာ ကျရောက်တဲ့ နိုင်ငံတကာဒီမိုကရေစီနေ့မှာ ပြောပါတယ်။

ကမ္ဘာတဝန်းမှာ ဒီမိုကရေစီအခြေအနေ ကျဆင်းလာနေပေမဲ့ ပြည်သူတွေရဲ့ မူလအခွင့်အရေးတွေအတွက် ဒီမိုကရေစီစနစ် မရှိမဖြစ်လိုအပ်ကြောင်း၊ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုကြောင့် ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလမ်းကြောင်း ရပ်တန့်ခဲ့ရပေမဲ့ ပြည်သူတွေအနေနဲ့ ဒီမိုကရေစီနဲ့အတူ ဖက်ဒရယ်စနစ်ကိုပါ ပူးတွဲတည်ဆောက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် နွေဦးတော်လှန်ရေးဟာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ထောင်ရေးအတွက် ကြိုးပမ်းတဲ့လှုပ်ရှားမှုကြီးဖြစ်လို့ စစ်အာဏာရှင်စနစ် ဖယ်ရှားရေးနဲ့ နိုင်ငံတော် တည်ဆောက်ရေးလုပ်ငန်းတွေကို တပြိုင်နက်တည်း ဆောင်ရွက်သွားဖို့ လိုအပ်တယ်လို့လည်း ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013