
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ စစ်ကောင်စီအကြမ်းဖက် စစ်တပ်နဲ့ ရဲတို့ရဲ့ နေ့စဉ်ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေပေမယ့် ပြည်သတွေက နောက်တွန့်ကြောက်ရွံ့ခြင်းမရှိဘဲ စစ်အာဏာရှင်ဆန့်ကျင် သပိတ်စစ်ကြောင်းကို ရတဲ့နည်းနဲ့ ဆက် ထွက်နေကြပါတယ်။
ဒီနေ့မှာလည်း စစ်ကောင်စီတပ်တွေက အကြမ်းဖက်ဖို့ ပိတ်ဆို့တားဆီးတာတွေ၊ လမ်း အတားအဆီးတွေကို ဖယ်ရှားရှင်းလင်းနေတာတွေရှိနေပေမယ့် ပြည်သူထောင်ချီပါဝင်တဲ့ သပိတ်စစ်ကြောင်းကတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ချီတက်ကာ ထိုင်သပိတ်ကိုလည်း ပြုလုပ်ခဲ့ကြပါသေးတယ်။
မုံရွာမှာ ဖေဖော်ဝါရီလ ၆ ရက်နေက စတင်ကာ ဒီနေ့အချိန်ထိ နေ့စဉ်ရက်ဆက် ပျက်ရက်မရှိ သပိတ်စစ်ကြောင်းကို ထွက်ရှိနေကြပါတယ်။
မုံရွာမြို့မှာ စစ်ကောင်စီအကြမ်းဖက်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသူ ၁၉ ဦးထိရှိနေပြီဖြစ်ပါတယ်။










