
စစ်ကိုင်းတိုင်း မုံရွာမြို့မှာ ဒီကနေ့ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီရဲ့ အကြမ်းဖက် လက်နက်ကိုင်တပ်တွေ ပစ်ခတ်လို့ ပြည်သူအနည်းဆုံး ၅ ဦးထက်မနည်း ကျဆုံးခဲ့ပြီး ၂၀ ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ကျဆုံးသူတွေထဲမှာ အမျိုးသမီးတစ်ဦးပါဝင်ခဲ့ပြီး ကျန်တာက အမျိုးသားတွေဖြစ်ပါတယ်။ ဒီကနေ့ မုံရွာမြို့မှာ စစ်တပ်ရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သူနာပြုသင်တန်းကျောင်းမှ ဒုတိယနှစ်ကျောင်းသူ မသဉ္ဇာဟိန်း ဟာ ဦးခေါင်းကျည်ထိ ဒဏ်ရာနဲ့ ကျဆုံးသွားတာဖြစ်ပါတယ်။
မတ်လ ၂၇ ရက်မနေ့ကလည်း အကြမ်းဖက် လက်နက်ကိုင်တပ်တွေရဲ့ ပစ်ခတ်မှုကြောင့် မုံရွာမှာ ပြည်သူနှစ်ဦး ကျဆုံးခဲ့ပါသေးတယ်။
ဒီနေ့အချိန်ထိ မုံရွာမြို့မှာ စစ်ကောင်စီရဲ့ အကြမ်းဖက်တပ်တွေပစ်ခတ်လို့ ကျဆုံးပြည်သူ အနည်းဆုံး အယောက် ၂၀ ရှိနေပြီဖြစ်ပါတယ်။
အလားတူ ကလေးမြို့မှာလည်း စစ်ကောင်စီအကြမ်းဖက်အဖွဲ့က ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူ ၄ ဦးကျဆုံးခဲ့သေးတယ်လို့ သိရပါတယ်။










