ကလေးမြို့၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် Women for Justice (WJ) အဖွဲ့ ဒါရိုက်တာ ကျဆုံး
DVB
·
March 28, 2021
ကလေးမြို့ အနောက်ဘက်တာဟန်းသပိတ်ကို အကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ မတ်လ ၂၈ ရက် နေ့လည် ၂ နာရီကျော်က ပစ်ခတ်ဖြိုခွင်းခဲ့ရာမှာ ကလေးမြို့အခြေစိုက် Women for Justice (WJ) အဖွဲ့ဒါရိုက်တာ မအားခူရင်ဘတ်ကျည်ထိမှန်ကာ နီးစပ်ရာဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားတယ်လို့ဒေသခံတစ်ဦးကပြောပါတယ်
အဆိုပါ ပစ်ခတ်မှုမှာ ထိခိုက်ဒဏ်ရာရသူ ၄ ဦးရှိပြီ အခုအချိန်ထိ ၂ဖက်စလုံးတင်းနေဆဲဖြစ်ကြောင်းးနဲ့ ဒဏ်ရာရရှိသူတွေတိုးလာနိုင်ကြောင်း ဒေသခံတစ်ဦးက ပြောပါတယ်။