လားရှိုးမြို့၌ စစ်တပ်၏ပစ်ခတ်မှုကြောင့် လူငယ် ၃ ဦးကျဆုံး
DVB
·
March 28, 2021

ရှမ်းပြည်နယ် လားရှိုးမြို့မှာ မတ်လ ၂၇ ရက် ဖက်ဆစ်တော်လှန်ရေးနေ့ကပြုလုပ်ခဲ့တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို အကြမ်းဖက်စစ်ကောင်စီရဲ့ တပ်တွေက ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခဲ့လို့ လူငယ် ၃ ဦး ကျဆုံးခဲ့ပါတယ်။
ကျဆုံးခဲ့တဲ့ အာဇာနည်လူငယ်တွေကို နေ့ချင်းပဲ လားရှိုးဘာသာပေါင်းစုံသုသာန်မှာ သင်္ဂြိုဟ်ခဲ့ပြီး ဒေသခံ ထောင်ချီ လိုက်ပါပို့ဆောင်ခဲ့ပါတယ်။