မော်လမြိုင်မြို့ပေါ်ရပ်ကွက်များတွင် လက်နက်ကိုင် အကြမ်းဖက်အဖွဲ့က သောင်းကြမ်းပစ်ခတ်နေ
DVB
·
March 27, 2021
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ လက်နက်ကိုင် အကြမ်းဖက် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဟာ မတ်လ ၂၆ ရက်နေ့ ည ၁၀ နာရီ ဝန်းကျင်လောက်ကစပြီး မော်လမြိုင်မြို့ပေါ်ရပ်ကွက်အများစုမှာ ပစ်ခတ်နေမှုတွေ ဆက်တိုက် လုပ်ဆောင်နေပါတယ်။
လက်နက်ကိုင် အကြမ်းဖက် အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် သေနတ်ဒဏ်ရာရသူတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တဖက်မှာတော့ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ကို မြို့လူထုက လမ်းပေါ်ထွက် ဆန္ဒထုတ်ဖော်နေကြပါတယ်။ လက်နက်ကိုင် အကြမ်းဖက်အဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အရေအတွက်ကို ဆက်လက် စုံစမ်းနေပါတယ်။