DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်တွင် ကိုဗစ်-၁၉ ကူးစက်ခံ ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီ ဆေးရုံဆောက်
DVB
·
March 26, 2021
ဘန်ကောက်တွင် ကိုဗစ်-၁၉ ကူးစက်ခံ ရွှေ့ပြောင်းလုပ်သားများအတွက် ယာယီ ဆေးရုံဆောက်
Donate to DVB

ထိုင်းနိုင်ငံ ဘန်ကောက် လဝကရဲ အချုပ်ခန်းထဲမှာ ဖမ်းဆီးခံထားရတဲ့ တရားမဝင်အ ရွေ့ပြောင်းအလုပ်သမားတွေအကြား ကိုဗစ်-၁၉ ကူးစက်ခံရသူ ရာနဲ့ချီတွေ့ရှိတဲ့နောက် သူတို့ကို သီးသန့်ကုသပေးဖို့ ယာယီဆေးရုံတစ်ခုကို ထိုင်းအစိုးရက တည်ဆောက်လိုက်ပါတယ်။

အဆိုပါ ယာယီဆေးရုံမှာ ဘန်ကောက် ဝိဖားဝဒီရန်းဆစ်လမ်းရှိ ထိုင်းအမျိုးသားရဲတပ်ဖွဲ့ပိုင် ခြံဝင်းထဲမှာတည်ရှိပြီး ခုတင်ပေါင်း ၁၀၀ ရှိကာ အဲယားကွန်းမတပ်ထားပေမယ့် ကျန်းမာရေးနဲ့ အညီ စံချိန်မီဆောက်လုပ်ထားတာဖြစ်ကြောင်း၊ ခုတင်တွေက ကပ်ဖာစက္ကူတွေနဲ့ လုပ်ထား တာဆိုပေမယ့် လူ့ခန္ဓာအလေးချိန် ၁၀၀ ကီလိုထိ ခံနိုင်ရည်ရှိတယ်လို့  ထိုင်းကျန်းမာရေး ဒုဝန်ကြီး ဒေါက်တာအနုထင်း ချန်ဝီရကွန်းက သတင်းထောက်တွေကို ပြောပါတယ်။ 

ဒီမတိုင်ခင်က ဘန်းခင်နယ်မေ လဝကရဲစခန်းနဲ့ ဆွန်ဖရူးနယ်မြေ လဝကရဲစခန်းရှိ အချုပ်သားပေါင်း ၁၆၁၅ ဦးကို ကိုဗစ်-၁၉ ရောဂါပိုးစစ်ဆေးရာမှာ ၃၉၃ ဦးမှာ ပိုးရှိကြောင်း အဖြေ ထွက်ပြီး အများစုမှာ မြန်မာနိုင်ငံသားတွေဖြစ်ပါတယ်။  ဒါပေမဲ့ အားလုံးဟာ အလုပ်လုပ်တဲ့ အရွယ်ကောင်းတွေမို့ ရောဂါလက္ခဏာမပြဘူးလို့ ကျန်းမာရေးဒုဝန်ကြီးက ဆက်ပြောပါတယ်။

သူတို့ဟာ နိုင်ငံထဲကို တရားမဝင် ဝင်ရောက်မှု၊ အလုပ်သမားဥပဒေနဲ့ မညီညွတ်လို့ ဖမ်း ဆီးခံထားရတာဖြစ်ကြောင်း၊ အချို့မှာ ပြည်နှင်ဒဏ်ခံထားရပြီး နေရပ်သို့ပြန်မပို့ခင် ကိုဗစ်-၁၉ ကူးစက်ခံရလို့ ရောဂါပျောက်ကင်းအောင်အရင်ကုသပေးမှာ ဖြစ်ပါတယ်။ 

ကိုဗစ်-၁၉ ကူးစက်ခံထားရတဲ့ ရွှေ့ပြောင်းလုပ်သား အချုပ်သားတွေထဲက ကနဦးအနေနဲ့ အယောက် ၁၀၀ ကို ပြီးခဲ့တဲ့ ၂၄ ရက်နေ့က ယာယီဆေးရုံသို့ ရွှေ့ပြောင်းခဲ့ကြောင်း ၊ ရောက်ခါစည က စီမံခန့်ခွဲမှုပေါ် နားလည်မှုလွဲမှားတာတွေရှိလို့ အကျဉ်းသားလူနာတွေ ဆူပူမှုအနည်း ငယ်ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဆိုပါ ယာယီဆေးရုံဟာ ဘန်ကောက်မြို့လယ်မှာရှိတာကြောင့် အနီးနားပတ်ဝန်းကျင်က ပြည်သူတွေ ရောဂါပိုးပျံ့လွင့်လာမှာကို စိုးရိမ်နေပေမယ့် လူနာတွေကို စနစ်တကျ သယ်ဆောင်သလို  အပြင်ထွက်ခွင့်လည်းမပြုကြောင်း၊ ကျန်းမာရေးဝန်ထမ်းအားလုံးဟာလည်း PPE ကာကွယ်ရေး ဝတ်စုံနဲ့သာ ဝင်ရတာကြောင့် စိုးရိမ်စရာမရှိဘူးလို့   ထိုင်းကျန်းမာရေးဒုဝန်ကြီးက သတင်း ထောက်တွေကို ပြောသွားပါတယ်။ 

ကိုးကား - မန်နေဂျာအွန်လိုင်း/ ထိုင်းရတ် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013