DVB Logo
Home
မြန်မာသတင်း
အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်
DVB
·
March 25, 2021
အစိုးရသစ်နှင့် ပြည်သူ့ကာကွယ်ရေးအစီအမံသစ် CRPH ကြေညာမည်
Donate to DVB

ပြည်ထောင်စုလွှတ်တော် ကိုယ်စာပြုကော်မတီ CRPH ဟာ လာမယ့်ရက်ပိုင်းအတွင်းမှာ အစိုးရသစ်နဲ့အတူ ပြည်သူ့ကာကွယ်ရေးအစီအမံသစ်ကိုပါ တစ်ပါတည်း ချပြတော့မယ်လို့ CRPH ပြည်ထောင်စုဝန်ကြီးကပြောပါတယ်။ 

ပြည်သူ့ကာကွယ်ရေးအစီအမံဖြစ်တဲ့ ဖက်ဒရယ်တပ်မတော် ဖြစ်တည်လာဖို့ လစဉ် ဘဏ္ဍာငွေ ဒေါ်လာသန်း ၂၀ လောက် ရှိနိုင်ပြီး ပြည်သူ့လူထုရဲ့ပါဝင် လှူဒါန်းထည့်ဝင်မှုကို အထူး လိုအပ်ကြောင်း CRPH ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်က ဒီနေ့ အွန်လိုင်းလူမှုကွန်ရက်ကနေ တဆင့် ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ 

ဒီအတွက် CRPH ဝက်ဘ်ဆိုက်ကနေ  သွားရောက်လှူဒါန်းနိုင်သလို GoFundMe.com နိုင်ငံတကာဝက်ဘ်ဆိုက်မှာ  CRPH ကမ်းပိန်းကိုရှာဖွေနိုင်တယ်လို့ နည်းလမ်းဖော်ပြထားပါတယ်။

CRPH အနေနဲ့ အလှူငွေ ဝက်ဘ်ဆိုက်စတင်ရာမှာ ၁၂ရက်အတွင်း လူပေါင်း ၇၀၀၀ ကျော်ဆီကနေ  ဒေါ်လာ ၇ သိန်းကျော်ရရှိထားတာကိုလည်း တွေ့ရပါတယ်။ 

ဒီလိုထည့်ဝင်လိုက်ခြင်းဟာ အာဏာသိမ်းအကြမ်းဖက်အုပ်စုကို အခွန်မဆောင်ပဲ အန်တုတာ ဖြစ်သလို CRPH ကဖွဲ့ပေးတဲ့ အစိုးရသာ တို့အစိုးရလို့ ပြတ်ပြတ်သားသား ဆန္ဒဖော်ထုတ်လိုက်တာ လည်း ဖြစ်တယ်လို့ CRPH အဖွဲ့ဝင် ဦးလွင်ကိုလတ်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013