DVB Logo
Home
မြန်မာသတင်း
ဘားအံ G-Z စစ်ကြောင်းကို စစ်တပ်နှင့်ရဲက ကျည်အစစ်ဖြင့်ပစ်ခတ် အနည်းဆုံး ၂ ဦးဒဏ်ရာရ
DVB
·
March 25, 2021
ဘားအံ G-Z စစ်ကြောင်းကို စစ်တပ်နှင့်ရဲက ကျည်အစစ်ဖြင့်ပစ်ခတ် အနည်းဆုံး ၂ ဦးဒဏ်ရာရ
Donate to DVB

 ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကားကြီးကွင်းအဝင်ပေါက်နားမှာ မတ်လ ၂၅ ရက် မနက်  ၇ နာရီလောက်က စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြတဲ့  G-Z လူငယ်စစ်ကြောင်းကို  စစ်တပ်နဲ့ရဲက ကျည်ဆန်အစစ်နဲ့ ပစ်ခတ်ခဲ့လို့  လူငယ်  ၂ ဦး သေနတ်ထိမှန်ခဲ့ပါတယ်။

G-Z လူငယ်စစ်ကြောင်းဟာ ဘားအံ-ကော့ကရိတ်ကားလမ်းမကြီးပေါ်မှာ ငြိမ်းချမ်းစွာ ဆန္ဒပြနိုင်ဖို့ အဟန့်အတားပြုလုပ်နေတုန်း တပ်နဲ့ရဲတွေရောက်ရှိလာပြီး ကျည်အစစ်၊ မျက်ရည်ယိုဗုံး၊ အသံဗုံးတွေပစ်ခတ်ပြီး အင်အားသုံး ပစ်ခတ် လိုက်လံဖြိုခွင်း ဖမ်းဆီးခဲ့တာပါ။

ဒီလို အကြမ်းဖက်ပစ်ခတ်ခဲ့တဲ့အတွက် ဆီးခုံထိမှတ်သူ ၁ ဦး၊ ပေါင်ထိမှန်သူ ၁ ဦးရှိပြီး ကျန်တဲ့ ဒဏ်ရာရသူ စာရင်းကိုတော့  ဒီဗွီဘီက ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

မတ်လ၂၄ ရက် နေ့လည်ပိုင်းနဲ့ ညပိုင်းတွေမှာ ဆန္ဒပြသူတွေကို ရပ်ကွက်အတွင်း တပ်နဲ့ရဲတွေက အတင်းအဓမ္မဝင်ရောက် နေအိမ်တွေမှာ လိုက်လံရှာဖွေ ဖမ်းဆီးမှုတွေကို ပြုလုပ်ခဲ့ပါတယ်။

ကရင်ပြည်နယ်က မြို့နယ်တိုင်းမှာ အာဏာရှင်တော်လှန်ရေး ဆန္ဒပြစစ်ကြောင်းတွေကို တပ်နဲ့ရဲက အင်အားသုံး အကြမ်းဖက်ပစ်ခတ်ဖြိုခွင်းပြီး ဖမ်းဆီးတာတွေကြောင့် ဖမ်းဆီးခံရသူ ၃၀၀ ကျော်ရှိသလို၊ သေဆုံးသူ ၁ ဦး၊ ထိခိုက်ဒဏ်ရာရသူနဲ့ ဖမ်းဆီးခံရသူတွေအပြင် ပျောက်ဆုံးနေသူတွေရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013