DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့်ရဲ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကလေးသူငယ် ၂၀ ကျော်သေဆုံးဟု Save the Children ထုတ်ပြန်
DVB
·
March 24, 2021
စစ်တပ်နှင့်ရဲ၏ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ကလေးသူငယ် ၂၀ ကျော်သေဆုံးဟု Save the Children ထုတ်ပြန်
Donate to DVB

စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးကာလအတွင်း စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် သေဆုံးရတဲ့ ကလေးသူငယ်ဦးရေဟာ အယောက် ၂၀ ကျော်ထိ ရှိလာပြီလို့  Save the Children အဖွဲ့က ကြေညာပါတယ်။

ဒါ့အပြင် ကလေး ၁၇ ယောက်ထက်မနည်း မတရားဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကာ ပြီးခဲ့တဲ့ ရက်ပိုင်းက ကျဆုံးသွားခဲ့တဲ့ မန္တလေးမြို့က အသက် ၇ နှစ်အရွယ် မိန်း ကလေးငယ်နဲ့ ၁၄ နှစ်အရွယ် ယောကျာ်းလေးတယောက်တို့ အသက်သေဆုံးခဲ့တဲ့အပေါ်  ထိတ်လန့် တုန်လှုပ်မိကြောင်းလည်း ဖော်ပြထားတာပါ။

ပြီးခဲ့တဲ့ မတ် ၂၂ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ စစ်တပ်နဲ့ ရဲလုံခြုံရေး အင်အားစုတွေရဲ့  ကလေး ၃ ယောက်ထက်မနည်း အသက်သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်ဟာ မတ် ၂၃ ရက်က နေအိမ်မှာတင် ပစ်သတ်ခံရပြီး အသက် ၁၄ နှစ်အရွယ် လူငယ်လေးဟာလည်း ဆန္ဒပြမှုမှာ ပါဝင်ခြင်းမရှိဘဲ သူ့ရဲ့ အိမ်အတွင်း၊ အိမ်အနီးတဝိုက် ရှိနေချိန်မှာ ပစ်ခတ်ခံရပြီး သေဆုံးသွားခဲ့တာပါ။

ကလေးသူငယ် သေဆုံးမှုအရေအတွက်တွေ မြင့်တက်လာတာဟာ စိုးရိမ်ဖွယ်ရာ အမြင့်မားဆုံးအချိန်ဖြစ်နေပြီး Save the Children အနေနဲ့ အသက် ၁၁ နှစ်အရွယ် မိန်း ကလေးငယ်တယောက် အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ ၁၇ ယောက်ထက် မနည်းတဲ့ ကလေးငယ်တွေရဲ့ ဘေးကင်းလုံခြုံရေးအတွက် အလွန်စိုးရိမ်မိကြောင်းလည်း ဖော်ပြ ထားပါတယ်။

Save the Children နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေဟာ ပြီးခဲ့တဲ့ မတ် ၂၂ ရက်အထိ ကလေးငယ်တွေ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ ဖြစ်ရပ် ၁၄၆ ခုကို အကူအညီ ပေးခဲ့ပြီးဖြစ် တယ်လို့ ဆိုပါတယ်။

       “ငြိမ်းချမ်းစွာ ဆန္ဒပြနေကြသူတွေအပေါ် အလွန်ဆိုးရွားတဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်ရာမှာ ကလေးသူငယ်တွေက ပစ်မှတ်တွေအနေနဲ့ ဆက်ရှိနေတဲ့အတွက် အလွန်ပဲ ထိတ်လန့်မိပါတယ်။ သတင်းတွေအရ အဆိုပါ ကလေးသူငယ်တွေ သေဆုံးတာဟာ သူတို့ ကို ထိခိုက်နစ်နာမှုတွေက လုံခြုံအောင် ကာကွယ်ပေးထားရတဲ့ နေအိမ်တွေမှာ ရှိနေချိန်မှာ အသတ်ခံရတာမျိုးဖြစ်လို့ စိုးရိမ်စရာ အခြေအနေ ဖြစ်နေပါတယ်။ ကလေးသူ ငယ်များစွာ နေ့စဉ်နီးပါး အသတ်ခံနေရတာက လုံခြုံရေးအင်အားစုတွေဟာ လူ့အသက် တွေအပေါ် လုံးဝလျစ်လျူရှုထားတာကို ပြသနေပါတယ်”

ကလေးသူငယ်တွေရဲ့ လုံခြုံမှုကို ဘယ်လိုအခြေအနေမှာမဆို ကာကွယ်ထားရမှာ ဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြနေသူတွေအပေါ် အသက်သေစေနိုင်တဲ့ တိုက်ခိုက်မှုတွေ ပြုလုပ်နေတာကို ချက်ချင်း ရပ်တန့်ဖို့လည်း Save the Children အဖွဲ့က ထပ်မံတောင်းဆို လိုက်ပါတယ်။

ဒါ့အပြင် အကြပ်အတည်းကာလတွေမှာ ကလေးသူငယ်တွေဟာ အပြစ်ကင်းမဲ့တဲ့ သားကောင်တွေ ဖြစ်နေရတာကို အကြိမ်ကြိမ် မြင်တွေ့ခဲ့ရပြီးဖြစ်ကာ မြန်မာနိုင်ငံက က လေးသူငယ်တွေကို ကာကွယ်နိုင်မယ့် တခုတည်းသော နည်းလမ်းကတော့ မြန်မာနိုင်ငံ သူနိုင်ငံသားတွေအားလုံးအပေါ် အကြမ်းဖက်နေတာကို လုံးဝ ရပ်တန့်လိုက်ဖို့ပဲဖြစ်တယ် လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ အပတ်ကလည်း Save the Children ဟာ ယူနက်စကို၊ ယူနီဆက်အဖွဲ့တွေနဲ့ ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပြီး  မြန်မာနိုင်ငံမှာ လုံခြုံရေးတပ်ဖွဲ့တွေ က စာသင်ကျောင်းတွေမှာ တပ်စွဲထားတာဟာ ကလေးသူငယ်အခွင့်အရေးကို ကြီးလေး စွာချိုးဖောက်မှုဖြစ်တာမို့ ချက်ချင်းဖယ်ရှားပေးကြဖို့နဲ့ အသုံးမပြုကြဖို့ တောင်းဆိုထားခဲ့ တာပါ။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် နေရာအနှံ့ ကျောင်းတွေပိတ်ထားကြရတဲ့ အကျိုး ဆက်ကြောင့် ဖိစီးမှုတွေ ကြုံနေကြရတဲ့ မြန်မာနိုင်ငံမှ ကလေးသူငယ်တွေနဲ့ လူငယ် ၁၂ သန်းနီးပါးအတွက် ခုလိုကိစ္စရပ်တွေဟာ သင်ယူလေ့လာရေး အကျပ်အတည်းကို ပိုမို ဆိုးရွားသွားစေနိုင်တယ်လို့ ဆိုပါတယ်။

ဒါကြောင့်မို့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ တပ်စွဲထားတဲ့ အဆောက်အအုံ ဥပစာ တွေကနေ ချက်ချင်းဖယ်ရှားပေးကြဖို့နဲ့ ကျောင်းတွေ၊ ပညာရေးအဆောက်အအုံတွေကို စစ်တပ်၊ ဒါမှမဟုတ် လုံခြုံရေး ဝန်ထမ်းတွေအနေနဲ့ အသုံးမပြုကြဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူစုစုပေါင်း ၂၇၅ ယောက်ထိရှိလာခဲ့ပြီဖြစ် တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ် ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013