DVB Logo
Home
မြန်မာသတင်း
ဖမ်းဆီးခံထားရသည့် ဆန္ဒပြလူငယ် ရာချီ အင်းစိန်ထောင်မှ ပြန်လွတ်
DVB
·
March 24, 2021
ဖမ်းဆီးခံထားရသည့် ဆန္ဒပြလူငယ် ရာချီ အင်းစိန်ထောင်မှ ပြန်လွတ်
1 / 8
Donate to DVB

စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြမှုနဲ့ ဖမ်းဆီးအကျဉ်းချခံထားရတဲ့  လူငယ် ရာနဲ့ချီကို အင်းစိန်အကျဉ်းထောင်ကနေ ဒီနေ့မနက် ၁၀ နာရီလောက်မှာ ပြန်လွှတ်ပေးလိုက်တယ်လို့ ရှေ့နေတဦးက ပြောပါတယ်။

    “မတ်လ ၃ ရက်နေ့က ဖမ်းထားသူတွေ အားလုံး ပြန်လွှတ်ပေးတာ။ YBS ယာဉ် ၁၀ စီးကျော်လောက်နဲ့။ နောက်ထပ် ကျန်နေသေးတဲ့သူတွေလည်း ရှိသေးတယ်၊ ဘယ်အချိန် ထပ်လွှတ်မလဲတော့ မသိဘူး။ ပြန်လွှတ်တဲ့စာရင်း အတိအကျက သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေဆီ သွားမေးမှရမယ်၊ ကျနော်တို့လည်း အတိအကျ မသိရဘူး။ အနည်းဆုံး ရာနဲ့ချီတော့ရှိတယ်။”

လက်ရှိ အင်းစိန်ထောင်ရှေ့မှာ ဖမ်းဆီးခံထားရသူတွေရဲ့ မိသားစုဝင် လာရောက် စောင့်ဆိုင်းနေကြဆဲ ဖြစ်ပါတယ်။

    ဖမ်းဆီးခံရသူတွေအတွက် လိုက်ပါကူညီပေးနေတဲ့ ရှေ့နေဖြစ်သူကတော့ ကြားသိရတာက ဒီနေ့ ထပ်မံလွှတ်ပေးဖို့ အယောက် ၄၀ လောက်ရှိသေးတယ်လို့ ဆိုပါတယ်။

ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အင်းစိန်ထောင်ကနေ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေကို YBS ယာဉ်တွေနဲ့ ပို့ပေးတာကြောင့်     ဖမ်းဆီးခံရသူတွေရဲ့ မိသားစုဝင်တွေအနေနဲ့  ထောင်ရှေ့မှာ မစောင့်ဘဲ သက်ဆိုင်ရာ နယ်မြေရဲစခန်းတွေမှာ သွားရောက်ရောက်မေးမြန်း စုံစမ်းသင့်တယ်လို့ အကြံပြုပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မှတ်တမ်းအရ ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၂၃ ရက်အထိ စုစုပေါင်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၈၁၂ ဦးထိရှိတယ်လို့ သိရပါတယ်။

ဒီအထဲက ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၄ ဦး၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံထားရလို့ တိမ်းရှောင်နေသူ ၁၀၉ ဦးနဲ့  ပြန်လည်လွတ်မြောက်လာသူ ၃၉၄ ဦးရှိခဲ့တာကြောင့် လက်ရှိ အချိန်အထိ ၂၄၁၈ ဦးမှာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထား ရတယ်လို့ အေအေပီပီထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013