DVB Logo
Home
မြန်မာသတင်း
မန္တလေးမြို့တွင် ၇ နှစ်သမီးလေးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ ၂၇၅ ဦးရှိလာ
DVB
·
March 24, 2021
မန္တလေးမြို့တွင် ၇ နှစ်သမီးလေးအပါအဝင် နွေဦးတော်လှန်ရေးအတွင်း ကျဆုံးသူ ၂၇၅ ဦးရှိလာ
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြို ခွင်းမှုတွေကြောင့် မနေ့က ကျဆုံးသွားတဲ့ မန္တလေးမြို့က ၇ နှစ်သမီးလေး အပါအဝင် ကျဆုံးသူစုစုပေါင်း ၂၇၅ ယောက်ထိရှိလာခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၃ ရက်အထိ မှတ်တမ်းပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီက ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်းကတော့ ၂၈၁၂  ယောက်ထိ ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၂၄ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၁၀၉ ယောက်၊ ပြန်လည် လွတ်မြောက်လာသူ ၃၉၄ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၂၄၁၈ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မတ် ၂၃ ရက်နေ့မှာတော့ အာဏာသိမ်း စစ်အုပ်စုရဲ့ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် မန္တလေးမြို့က အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တယောက်အပါအဝင် ၃ ယောက် ထက်မနည်း ကျဆုံးသွားခဲ့ပြီး အဆိုပါ ၇ နှစ်အရွယ် မိန်းကလေးငယ်မှာ အိမ်ပေါ်မှာ ရှိနေချိန်မှာ ပစ်သတ်သွားခဲ့တာဖြစ်တယ်လို့ အေအေပီပီက ထုတ်ပြန်ပါတယ်။

အဆိုပါ လုပ်ရပ်ဟာ အလွန်အမင်းလူမဆန်တဲ့ လုပ်ရပ်ဖြစ်ပြီး ကလေးငယ်တွေပါ မချန်ပစ်သတ်နေတာစာ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သဘောတူစာချုပ် (CRC)ပါအချက်တွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်တာဖြစ်ကြောင်းလည်း ဖော်ပြ ထားပါတယ်။

အာဏာသိမ်းစစ်အုပ်စုအနေနဲ့ ဆန္ဒထုတ်ဖော်ပွဲတွေ အားကောင်းတဲ့ မန္တလေး မြို့ကို ပစ်မှတ်ထား အကြမ်းဖက် ဖြိုခွင်းခဲ့တာ ၃ ရက်တိုင်ရှိခဲ့ပြီဖြစ်ပြီး အေအေပီပီက  အ တည်ပြုထားတဲ့ အချက်အလက်တွေအရ မတ် ၂၁ ရက်မှ ၂၃ ရက်နေ့အထိ မန္တလေးမြို့မှာ အရပ်သားပြည်သူ ၂၁ ယောက်ထက်မနည်း ကျဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာလည်း စစ်ကားတစီး အရှိန်ပြင်းစွာ ရမ်း ကား မောင်းနှင်မှုကြောင့် လမ်းကူးဖို့ ရပ်နေတဲ့ အမျိုးသား ၁ ယောက်ကို အဆိုပါကားနဲ့ တက်ကြိတ်ခံရပြီး ကျဆုံးသွားခဲ့ရပါတယ်။

ဧရာဝတီတိုင်း ကြံခင်းမြို့မှာတော့ ရပ်ကွက်ကင်းစောင့်နေတဲ့ ကင်းသမားကို ရဲက ရိုက်နှက်ဖမ်းဆီးတဲ့အတွက် ရပ်ကွက်နေပြည်သူတွေက မခံမရပ်နိုင်ဖြစ်ပြီး လမ်းမပေါ် ထွက်လာချိန် ရဲနဲ့ စစ်တပ်က ကျည်အစစ်နဲ့ အချက်ပေါင်း ၅၀ ကျော် ပစ်ခတ်ခဲ့တဲ့အ တွက် အရပ်သားပြည်သူ ၂ ယောက် အပြင်းအထန်ဒဏ်ရာရရှိခဲ့ပြီး လူငယ် ၇ ယောက် ရိုက်နှက် ဖမ်းဆီးခံထားရပါတယ်။

နေ့စဉ်နဲ့အမျှဖြစ်ပွားနေတဲ့ အလားတူ ရာဇဝတ်မှုတွေကို အာဏာသိမ်းစစ်အုပ်စုက ကျူးလွန်နေပြီး ပြည်သူတွေရဲ့ အသက်၊ အိုးအိမ်၊ စည်းစိမ်ကို နည်းမျိုးစုံနဲ့ ခြိမ်းခြောက်ပြီး  အာဏာကိုထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းနေကြတာ ဖြစ်ပါတယ်။ ပြည်သူတွေဟာ ဆိုးရွား ပြင်းထန်တဲ့ လူ့အခွင့်အ‌ရေးချိုးဖောက်မှုတွေအတွင်း နေ့စဉ်စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မ လုံခြုံမှုတွေကို ရင်ဆိုင်ခံစားနေကြရပြီး စိုးရိမ်စိတ်တွေနဲ့ ရှင်သန်နေထိုင်နေကြရပေမယ့် စစ်အာဏာရှင် ဖြုတ်ချရေးအတွက် လက်နက်မဲ့ခုခံတွန်းလှန်ခဲ့တာ ၅၁ ရက်တိုင်ရှိခဲ့ပြီ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013