
အာဏာသိမ်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ပစ်ခတ်သတ်ဖြတ်မှုကြောင့် တနိုင်ငံလုံးအတိုင်း အတာနဲ့ ကျောင်းသား ကျောင်းသူ ၁၀၀ ကျော်ကျဆုံးသွားပြီဖြစ်တယ်လို့ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်(ဗကသ)ဥက္ကဋ္ဌ ကိုစိုင်းသုဝဏ်က ပြောပါတယ်။
စစ်အာဏာရှင်စနစ် ဆန့်ကျင်လှုပ်ရှားမှုကြောင့် ကျောင်းသားခေါင်းဆောင် ၁၀ ဦးကျော်ဖမ်းဆီးခံထားရသလို ရန်ကုန်မြို့မှာ တက္ကသိုလ်ကျောင်းသား ၄၀၀ ကျော်ဖမ်းဆီးခံထား ရပြီး ဦးဆောင်သူကျောင်းသားခေါင်းဆောင်တွေကို တခြားသူတွေထက်ပိုပြီး စစ်ကြောရေးစခန်း တွေမှာ နှိပ်စက်တာရှိတယ်လို့ ကိုစိုင်းသုဝဏ်က ဆိုပါတယ်။
အာဏာသိမ်းစစ်ကောင်စီဘက်က ဆန္ဒပြပြည်သူတွေကို ပစ်ခတ်သတ်ဖြတ်မှုများလာ တာကြောင့် ကျောင်းသားသပိတ်တွေအနေနဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ရှောင်ရှားပြီး ပြောက်ကျားပုံစံ နဲ့လုပ်ဆောင်တာရှိသလို မြို့နယ်အလိုက် ပြည်သူတွေနဲ့ ချိတ်ဆက်ဆန္ဒပြတာ မျိုးတွေရှိနေပါတယ်။
လက်ရှိရန်ကုန်မြို့မှာ ဖမ်းဆီးခံရတဲ့ကျောင်းသားတွေကိုတော့ ရှေ့နေတွေ မိသားစုဝင်တွေနဲ့တွေ့ခွင့်ရ တာမရှိသေးသလို မတ်လ၂၅ရက်နေ့ ရုံးထုတ်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေပါတယ်။










