DVB Logo
Home
မြန်မာသတင်း
ပြည်တွင်းရွှေဈေး တပတ်အတွင်း ၄ သိန်းကျော်တက်၊ ဈေးကွက်မငြိမ်
DVB
·
August 11, 2026
Photo : DVB
Photo : DVB
Donate to DVB

ဒီနေ့ ဩဂုတ် ၁၁ ရက်မှာ ပြည်တွင်းအကယ်ဒမီ မီးလင်းရွှေဈေးဟာ တကျပ်သားကို ကျပ်သိန်း ၁၀၀ ကျော်မှာ အရောင်းအဝယ်ဖြစ်နေပြီး ဈေးပြန်လည်မြင့်တက်လာပေမဲ့ အတက်အကျ မငြိမ်သေးဘူးလို့ ရွှေဈေးကွက်အသိုက်အဝန်းက သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၄ ရက်မှာ တကျပ်သားကို ကျပ် ၉၆ သိန်းခွဲဝန်းကျင်ရှိခဲ့ရာကနေ လက်ရှိမှာ ကျပ် ၁၀၅ သိန်းဝန်းကျင်အထိ ရောက်ရှိလာတာကြောင့် တပတ်အတွင်း ကျပ် ၄ သိန်းဝန်းကျင် မြင့်တက်လာတာ ဖြစ်ပါတယ်။ 

ဒီနေ့ မနက်ပိုင်းမှာတော့ ပြည်တွင်းရွှေဈေးဟာ ကျပ် ၁၀၂ သိန်း ဝန်းကျင်အထိ မြင့်တက်ခဲ့ပြီး နောက်ပိုင်းမှာ ကျပ် ၁၀၅ သိန်းဝန်းကျင်အထိ ပြန်လည်ကျဆင်းလာတာ ဖြစ်ပါတယ်။

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့ ဇွန်လ တတိယပတ်ကတည်းက ကျပ်သိန်း ၁၀၀ အောက်မှာ ရှိနေခဲ့ပြီး ဩဂုတ် ၆ ရက်မှာတော့ ကျပ်သိန်း ၁၀၀ ဝန်းကျင်ကို ပြန်လည်ရောက်ရှိခဲ့ပါတယ်။ 

နောက်ပိုင်းမှာ ကျပ် ၉၈ သိန်းဝန်းကျင်အထိ ပြန်ကျခဲ့ပေမဲ့ အခုတပတ်အတွင်းမှာ ထပ်မံမြင့်တက်လာတာ ဖြစ်ပါတယ်။

ကမ္ဘာ့ရွှေဈေးကလည်း ဒီနေ့အစောပိုင်းမှာ တအောင်စကို အမေရိကန်ဒေါ်လာ ၄,၄၃၀ ကျော်အထိ မြင့်တက်ခဲ့ပြီး လက်ရှိမှာတော့ ၄,၃၇၀ ဒေါ်လာဝန်းကျင်ကို ပြန်လည်ကျဆင်းလာပါတယ်။ 

ဇူလိုင်လနောက်ဆုံးပတ်က ဒေါ်လာ ၄,၁၀၀ အောက်မှာ ရှိခဲ့တဲ့ ကမ္ဘာ့ရွှေဈေးဟာ အခုတပတ်ကျော်အတွင်း ၆ ရာခိုင်နှုန်းကျော် မြင့်တက်လာပါတယ်။

ဈေးကွက်လေ့လာသူတွေကတော့ ကမ္ဘာ့ရွှေဈေး မြင့်တက်လာတာဟာ အမေရိကန်ရဲ့ အလုပ်အကိုင်ဒေတာ ခန့်မှန်းထားတာထက် အားနည်းထွက်ပေါ်ခဲ့ပြီးနောက် Federal Reserve ရဲ့ အတိုးနှုန်းလမ်းကြောင်းအပေါ် ဈေးကွက်မျှော်လင့်ချက် ပြောင်းလဲလာတာနဲ့ ဟော်မုဇ်ရေလက်ကြားအခြေအနေ၊ အမေရိကန်ရဲ့ ငွေကြေးဖောင်းပွမှု အလားအလာတွေကြောင့် ဖြစ်တယ်လို့ သုံးသပ်ကြပါတယ်။

တချိန်တည်းမှာ တရုတ်နိုင်ငံရဲ့ ရွှေဝယ်ယူမှု မြင့်တက်လာတာကလည်း ကမ္ဘာ့ရွှေဈေး အတက်ကို အထောက်အပံ့ဖြစ်စေတဲ့ အချက်တခု ဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

ဒါပေမဲ့ ကမ္ဘာ့ရွှေဈေးဟာ ဒီနေ့ အမြင့်ဆုံးအဆင့်အထိ တက်ပြီးတဲ့နောက် ရင်းနှီးမြှုပ်နှံသူတချို့ အမြတ်ယူရောင်းချမှုတွေကြောင့် ပြန်လည်ကျဆင်းလာပြီး ပြည်တွင်းရွှေဈေးလည်း အတက်အကျ ဆက်လက်ဖြစ်ပေါ်နေပါတယ်။

ပြည်တွင်းရွှေဈေးဟာ ကမ္ဘာ့ရွှေဈေးအတက်အကျအပြင် ပြည်တွင်းဒေါ်လာလဲလှယ်နှုန်းနဲ့ ဝယ်လိုအား အပြောင်းအလဲတွေရဲ့ သက်ရောက်မှုကြောင့် ဆက်လက်အတက်အကျ မငြိမ်မသက် ဖြစ်နိုင်တယ်လို့ ဈေးကွက်စောင့်ကြည့်သူတွေက သုံးသပ်ထားကြပါတယ်။ 

Photo: DVB

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013