DVB Logo
Home
မြန်မာသတင်း
မင်းဘူးမြို့ မန်းရေနံမြေ CDM ဝန်ထမ်းများကို အလုပ်ပြန်ဆင်းရန် စည်းရုံးနေ
DVB
·
March 22, 2021
မင်းဘူးမြို့ မန်းရေနံမြေ CDM ဝန်ထမ်းများကို အလုပ်ပြန်ဆင်းရန် စည်းရုံးနေ
1 / 8
Donate to DVB

မကွေးတိုင်းဒေသကြီး မန်းရေနံမြေက CDM ပြုလုပ်နေတဲ့ဝန်ထမ်းတွေကို မတ်လ ၂၁ ရက်နေ့က အာဏာသိမ်းစစ်ကောင်စီက စေလွှတ်လိုက်တဲ့ ဒါရိုက်တာအဖွဲ့တွေလာရောက်ပြီး အလုပ်ပြန်ဆင်းဖို့စည်းရုံးနေတယ်လို့ ရေနံမြေဝန်ထမ်းတွေဆီကနေ သိရပါတယ်။
မန်ရေနံမြေက CDM ပြုလုပ်နေတဲ့ ဝန်ထမ်းတွေဟာ နေအိမ်ကနေဖယ်ရှားခံထားရပြီး နေပြည်တော်ရုံးချုပ်က ဒါရိုက်တာအဖွဲ့တွေရောက်ရှိလာကာ နေအိမ်လိုင်းခန်းတွေမှာ ပြန်နေကြဖို့နဲ့ အလုပ်ပြန်ဆင်းဖို့ စည်းရုံးနေတာဖြစ်တယ်လို့ မန်ရေနံမြေဝန်ထမ်းတစ်ဦးက DVB ကိုပြောပါတယ်။
မတ်လ ၂၁ ရက်နေ့က မန်းရေနံမြေ သံကန်တန်း ၅ က ရေနံတွင်းတွေကို လုပ်ငန်းလည်ပတ်ပြပြီး ဗွီဒီယိုမှတ်တမ်းယူကာ စစ်ကောင်စီထံကိုတင်ပြပြီး MWD/ MRTV ရုပ်သံတွေကနေ ဝန်ထမ်းတွေအလုပ်ပြန်ဆင်းနေတယ်လို့ ဝါဒဖြန့်ဖို့ စီစဉ်နေကြတယ်လို့ ဆိုပါတယ်။
မင်းဘူးမြို့နယ်ထဲက မန်းရေနံမြေနဲ့ ထောက်ရှာပင်ရေနံမြေတွေမှာ CDM ပြုလုပ်နေတဲ့ ဝန်ထမ်း ၁၀၀၀ လောက်ရှိနေပြီး ဆက်လက်ပြီးတော့ CDM ပြုလုပ်သွားမယ်လို့ ရေနံမြေဝန်ထမ်းတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013