
ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မတ်လ ၂၂ ရက် မွန်းလွဲ ၃ နာရီလောက်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့ မြို့နယ်ရုံး အနောက်ဘက် ကိုင်းတောကနေစတင် မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
မီးလောင်တဲ့နေရာဟာ တိုင်းမီးသတ်ဦးစီးဌာနနဲ့ နီးတာကြောင့် မီးသတ်ကား ၂ စီးနဲ့ ရေသယ်ယာဉ် ၁ စီးနဲ့ လာရောက်မီးငြှိမ်းသတ်ခဲ့လို့ ၅ မိနစ်လောက် အကြာမှာ မီးငြိမ်းသွားတယ်လို့ သိရပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ထိခိုက်ပျက်စီးတာ သေဆုံး ဒဏ်ရာရတာ မရှိသလို မီးစတင်လောင်ကျွမ်းရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးပါဘူး။
ခုမီးလောင်ကျွမ်းတဲ့နေရာမှာတော့ ယခင်က ကိုင်းတော မီးလောင်တာမျိုး မရှိ ခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဓာတ်ပုံ - CJ











