
လုံခြုံရေး တင်းကြပ်ထားတဲ့ မော်လမြိုင်မှာ မတ်လ ၂၂ ရက်နေ့က တက္ကသိုလ်ကျောင်းသားတွေ ဦးဆောင်ပြီး အကြမ်းဖက် စစ်ကောင်စီကို ဆန္ဒထုတ်ဖော်ခဲ့ကြ ပါတယ်။
ဒီကနေ့မှာတော့ မော်လမြိုင်မှာတော့ ဆန္ဒထုတ်ဖော်လို့ မရအောင် အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့က ရပ်ကွက်နေရာအနှံ့ ကင်းလှည့်တာတွေ လုပ်ဆောင်နေတဲ့အတွက်ကြောင့် ပြောက်ကျားစနစ်နဲ့ သပိတ်မှောက် တော်လှန်ခဲ့ကြပါတယ်။
ဆန္ဒပြပွဲ ပါဝင်တဲ့ တက္ကသိုလ်ကျောင်းသားတွေကတော့ အကြမ်းဖက် အာဏာသိမ်း စစ်အုပ်စုကို အမြစ်ပြုတ်တဲ့အထိ တိုက်ထုတ် တော်လှန်သွားမယ်လို့ ဆိုပါတယ်။
မော်လမြိုင်မှာတော့ အကြမ်းဖက်စစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် တက္ကသိုလ်ကျောင်းသား တစ်ဦး အပါအဝင် သေဆုံးသူ လူငယ် ၃ ဦးထိ ရှိလာခဲ့ပါတယ်။










