DVB Logo
Home
မြန်မာသတင်း
တရားမဝင်အကြမ်းဖက်စစ်အုပ်စုက CRPH ကို မတရားအသင်းအဖြစ်ကြေညာ
DVB
·
March 22, 2021
တရားမဝင်အကြမ်းဖက်စစ်အုပ်စုက CRPH ကို မတရားအသင်းအဖြစ်ကြေညာ
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)ကို အကြမ်းဖက်စစ်အုပ်စုက မတရားသင်းအဖြစ် မတ်လ ၂၁ ရက်နေ့စွဲနဲ့ ကြေညာလိုက်ပါတယ်။

CRPH ကော်မတီနဲ့ အဖွဲ့ဝင်တွေ၊ ကော်မတီက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေ၊ ကော်မတီနဲ့ဆက်နွှယ်တဲ့ပုဂ္ဂိုလ်တွေရဲ့ ရည်ရွယ်ချက်နဲ့ လုပ်ရပ်တွေဟာ မြန်မာနိုင်ငံရဲ့ တရားဥပဒေစိုးမိုးရေးနဲ့ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ အများပြည်သူတို့ရဲ့ အေးချမ်းသာယာရေးကို အနှောက်အယှက် အန္တရာယ်ဖြစ်စေတယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်က ယုံကြည်ယူဆတယ်လို့ ဆိုပါတယ်။

ဒါကြောင့် မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၆ အရ CRPH ကော်မတီနဲ့ ကော်မတီက ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကို မတရားအသင်းများ အက်ဥပဒေ ပုဒ်မ ၁၅ ပုဒ်မခွဲ (၂) ပါ အဓိပ္ပါယ်ဖော်ပြချက်တွေနဲ့ အညီ မတရားအသင်းအဖြစ် ကြေညာလိုက် ကြောင်း  အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်ထဲရေးဝန်ကြီးဆိုသူ ဒုဗိုလ်ချုပ်ကြီး စိုးထွဋ်က အမိန့်ထုတ်ပြန်ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်သူလူထုက လုပ်ပိုင်ခွင့်အာဏာ အပြည့်အဝအပ်နှင်းခံထားရတဲ့ တရားဝင်အဖွဲ့အစည်း ဖြစ်ပါတယ်။ 

လက်နက်မဲ့ပြည်သူတွေကို နေ့စဉ်ပစ်ခတ်သတ်ဖြတ်နေတဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ခေါင်းဆောင်တဲ့ အာဏာသိမ်းစစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ်  (CRPH) ကလည်း ထုတ်ပြန်ကြေညာထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013