DVB Logo
Home
မြန်မာသတင်း
CDM သစ်တောဝန်ထမ်းများကို work from home အလုပ်လုပ်ရန် ညွှန်ကြား
DVB
·
March 21, 2021
CDM သစ်တောဝန်ထမ်းများကို work from home အလုပ်လုပ်ရန် ညွှန်ကြား
1 / 5
Donate to DVB

နိုင်ငံတဝန်း စစ်အာဏာရှင်အား အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ထားတဲ့ သစ်တောဦးစီးဌာနက ဝန်ထမ်းတွေကို work from home အလုပ်လုပ်ဖို့ ဌာနညွှန်ကြားရေးမှူးက အကြောင်းကြားလာတယ်လို့ ဌာနစာရေး ၁ ဦးက ပြောပါတယ်။

နိုင်ငံတဝန်းမှာ သစ်တောဦးစီးဌာနက CDM ဝန်ထမ်း ၃၀၀၀ ကျော်ရှိပြီး အကုန်လုံးကတော့ ရုံးပြန်မတက်ကြဘူးလို့ ဆိုပါတယ်။

“ရုံးက work from home စာပို့ပေးတဲ့၊ မပို့ဘူးလို့ ပြောလိုက်တယ်။ ပို့လို့လည်းမရဘူး အင်တာနက်လိုင်းတွေလည်း မကောင်းဘူး။ CDM သစ်တောဝန်ထမ်းက အကုန်လုံး ၃၀၀၀ ကျော်ရှိတာ။ ဘယ်သူမှ မလုပ်ကြဘူးလို့ သိရတယ်။ ၁၈ ရက်နေ့ နောက်ဆုံးထားတက်ဖို့ ပြောတာ။ ညွှန်မှူးက ဒီ ၁၉ ရက်နေ့က ဖုန်းဆက်တာ။ နင်အလုပ်ပြန်လုပ်မှာလားမေးတယ်။ ဝင်မှာပေါ့လို့ပြောတယ်။ အဲဒါဆို ငါ့ကို အကြောင်းကြားစာပို့တဲ့။ ညီမက လှိုင်သာယာမှာနေတာ၊ အပြင်လည်းထွက်လို့မရဘူးပြောလိုက်တယ်။ အဲဒါဆို နှုတ်မိန့်နဲ့ မရဘူး စာတစောင်ပို့ပေးလို့ပြောတာ။ အင်တာနက်လည်းမရေတော့ မပို့ဘူးလို့ ပြောလိုက်တယ်။”

ဒါ့အပြင် နေပြည်တော်က CDM သစ်တောဝန်ထမ်းတွေကိုပေးထားတဲ့ ဝန်ထမ်းအိမ်ရာကနေ ထွက်ခိုင်းမယ်ဆိုပြီး သတင်းတွေထွက်နေတယ်လို့ ပြောပါတယ်။

“ကျမတို့ကတော့ ထွက်ခိုင်းရင် ဖယ်ပေးမှာပဲ။ ကျမတို့ သွားလို့တော့မရဘူး၊ ရွှေ့ပေးမှာပဲ။ အကုန်လုံးက ဘယ်သူမှလည်း ရုံးပြန်တက်မှာမဟုတ်ဘူး။ အတိအကျဆို CDM သစ်တောဝန်ထမ်းက ၃၁၇၀ ရှိတယ်၊ အတိအကျပဲ။”

လယ်ဝေး သစ်တောဦးစီးဌာနက CDM ဝန်ထမ်း ၄ ယောက်ကိုလည်း တရားစွဲထားတယ်လို့ သိရပါတယ်။

သစ်တောဦးစီးဌာန အခြားဝန်ထမ်းတဦး “ရှောင်နေကြတယ်၊ လူဝင်မှုကြီးကြပ်ရေးကနေ တရားလိုလုပ်ပြီး တိုင်တယ်လို့ကြားတယ်။ ပုဒ်မ ၅၀၅ နဲ့ တရားစွဲတယ်တဲ့။ လူတွေတော့ မရှိကြဘူး။”

နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေမှာ သစ်တောဦးစီးဌာနက CDM ဝန်ထမ်းတွေလည်း ပူးပေါင်းပါဝင်နေကြတာ ဖြစ်ပါတယ်။

လက်ရှိ CDM မှာ ပါဝင်ထားကြတဲ့ သစ်တောဝန်ထမ်းတွေကတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ လက်အောက်မှာ လုံးဝ အလုပ်မဆင်းကြဘဲ ပြည်သူတင်မြှောက်ထားတဲ့ အစိုးရ ပြန်တက်မှ အလုပ်ပြန်ဝင်ကြမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013