DVB Logo
Home
မြန်မာသတင်း
အချိန် ၁ လခွဲကျော်အကြာ နွေဦးတော်လှန်ရေးတွင်း ကျဆုံးသူပေါင်း ၂၅၀ နီးပါးရှိလာ
DVB
·
March 21, 2021
အချိန် ၁ လခွဲကျော်အကြာ နွေဦးတော်လှန်ရေးတွင်း ကျဆုံးသူပေါင်း ၂၅၀ နီးပါးရှိလာ
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ မတရားပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် ကျဆုံးသူစုစုပေါင်း ၂၄၇ ယောက်ရှိလာခဲ့ပြီလို့ နိုင်ငံရေးအ ကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၂၀ ရက်အထိ မှတ်တမ်း ပြုစုထား တာဖြစ်ပြီး ဒီအရေအတွက်ဟာ အေအေပီပီမှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများနေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်းကတော့ ၂၃၄၅  ယောက်ထိ ရှိနေခဲ့ပြီဖြစ်ကာ အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၅ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၈၈ ယောက်၊ ပြန်လည်လွတ်မြောက်လာသူ ၃၅၁ ယောက်ရှိနေတဲ့အတွက် လက်ရှိအချိန်အထိ ၁၉၉၄ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

လက်နက်ကိုင် ရဲနဲ့ စစ်သားတွေရဲ့ နေ့ရော ညပါ ပစ်ခတ်ဖြိုခွင်းမှုနဲ့ အကြောင်းမဲ့ ပစ်ခတ်မှုတွေအတွင်း လက်နက်မဲ့ ပြည်သူတွေ နေ့စဉ်ရက်ဆက် ကျဆုံး၊ ဒဏ်ရာရနေကြပြီး  မတ်လ ၂၀ ညနေပိုင်းအအထိရရှိထားတဲ့ အချက်အလက်တွေအရ ရန်ကုန်တိုင်း တာ မွေမြို့နယ်၊ သာကေတမြို့နယ်၊ လှိုင်မြို့နယ်၊ ပဲခူးတိုင်း ပဲခူးမြို့နဲ့ မကွေးတိုင်း ပခုက္ကူမြို့တို့မှ အရပ်သားပြည်သူ ၆ ယောက် ကျဆုံးသွားခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်အုပ်စုရဲ့ လက်ပါးစေ ရဲနဲ့ စစ်သားတွေဟာ မြင်မြင်ရာ ပြည်သူပိုင်ပစ္စည်းတွေ၊ အများပိုင် ပစ္စည်းတွေကို လုယက်ယူငင်တာတွေ၊ ဖျက်ဆီးတာ တွေကို နေ့စဉ်ရက်ဆက်ဆိုသလို ကျူးလွန်နေကြပြီး ပြည်သူတွေဟာ စိုးရိမ်မှုတွေနဲ့ ရှင် သန်နေထိုင်နေကြရပြီး ရပ်ကွက်၊ လမ်းတွေအတွင်း ဝင်ရောက် ခြိမ်းခြောက်၊ ဆဲဆိုကာ ရန်သူသဖွယ် ပြုမူဆက်ဆံနေကြောင်းလည်း အေအေပီပီက ဖော်ပြထားပါတယ်။

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013