
ပဲခူးမြို့ရွှေမော်ဓောဘုရားတောင်ဘက်မုခ် ဆံတော်တွင်းလမ်းမကြီးမှာ အကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ၂ ဦး ဦးခေါင်းကျည်ထိမှန်သေဆုံးပြီး ၆ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။
ဒီညနေပိုင်းလောက်က အဲဒီနေရာတွေမှာ ဆန္ဒပြသူတွေလည်းမရှိဘဲ ပြည်သူတွေရဲ့ အတားအဆီးတွေကို အကြမ်းဖက်စစ်တပ်နဲ့ရဲတပ်ဖွဲ့က ကားအစီး ၂၀ လောက် အင်အား အများအပြား နဲ့ လာရောက်ဖယ်ရှားခဲ့ကြပါတယ်။
အဲဒီလိုဖယ်ရှားရာမှာ လမ်းမှာတွေ့သမျှသူတွေနဲ့ ထွက်ကြည့်တဲ့သူတွေကို လိုက်လံပစ်ခတ်ခဲ့တာကြောင့် သေဆုံးဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ပြည်သူ ၁၁ ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
အခုလို အကြမ်းဖက်စစ်အုပ်စုက ပစ်ခတ်ဖမ်းဆီးမှုတွေကြောင့် ညနေပိုင်း အလုပ်ပြန်သူတွေနဲ့ စက်ရုံအလုပ်ရုံက အလုပ်သမားအတော်များများ အခက်အခဲကြုံတွေ့ခဲ့ကြရတယ်လို့ ဆိုပါတယ်။










