DVB Logo
Home
မြန်မာသတင်း
ဖြူးတွင် ဆန္ဒပြအမျိုးသမီး ၁ ဦးအား တရားခံပြေးအဖြစ်ကြေညာပြီး ပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်
DVB
·
March 20, 2021
ဖြူးတွင် ဆန္ဒပြအမျိုးသမီး ၁ ဦးအား တရားခံပြေးအဖြစ်ကြေညာပြီး ပုဒ်မ၅၀၅-က ဖြင့် အမှုဖွင့်
Donate to DVB

DVB

ဖြူးမြို့နယ်မှာ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ဆန္ဒပြတဲ့ အမျိုးသမီး ၁ ဦးအား အကြမ်းဖက်ရဲတပ်ဖွဲ့က တရားခံပြေးအဖြစ်ကြေညာပြီး ပုဒ်မ၅၀၅-ကနဲ့ အမှုဖွင့်ကာ ဓာတ်ပုံကို ဓာတ်တိုင်တွေမှာ လိုက်ကပ်ထားတယ်လို့ သိရပါတယ်။

ဖြူးမြို့မရဲတပ်ဖွဲ့စခန်းက ပုဒ်မ၅၀၅-ကနဲ့ အဲဒီဆန္ဒပြ အမျိုးသမီးအား  အမှုဖွင့်ကာ လိုက်လံဖမ်းဆီးနေတာကြောင့် တိမ်းရှောင်နေပြီး တရားပြန်လည်စွဲဆိုသွးမယ်လို့ ကာယကံရှင်က ပြောပါတယ်။

တရားစွဲခံရတဲ့ အမျိုးသမီးက “ဖြူးမြို့နယ် နေရာအနှံ့မှာ ကျမကို တိမ်းရှောင်နေသည့် တရားခံပြေးဟု ဓာတ်တိုင်များတွင် လိုက်ကပ်ထားပါသည်။ စစ်ကောင်စီမှ ကြေညာချက်သည် လုံးဝတရားမဝင်ကြောင်း၊ ဖြူးမြို့မှ ပြည်သူများ သိစေရန် ဖြေရှင်းခြင်းဖြစ်သည်။ ကျမတင်မဟုတ်ဘဲ ကျန်သူများအားလုံးလည်း စစ်ကောင်စီမှ တရားစွဲလျှင် လုံးဝတရားမဝင်ပါ။ စစ်ကောင်စီသည် အကြမ်းဖက်အဖွဲ့အစည်းဖြစ်ကြောင်း ကမ္ဘာသိကြေညာထားပြီး နိုင်ငံတကာကလည်း လက်ခံထားပြီး ဖြစ်ပါသည်။ ကျမနှင့်တကွ ဆန္ဒပြပြည်သူများအား စစ်ကောင်စီမှ တစုံတရာ ပြုလုပ်ခဲ့လျှင် ကျမတို့ပြည်သူများ ငြိမ်မခံကြရန် တိုက်တွန်းအပ်ပါသည်။” လို့ လူမှုကွန်ရက်ကတဆင့် ရေးသားထားပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း အဲဒီအမျိုးသမီးရဲ့ ညီမပိုင်ဆိုင်တဲ့ စားသောက်ဆိုင်မှာ စစ်ကောင်စီရဲ့ လက်ကိုင်တုတ်တွေက လာရောက်မြန်းတာတွေ ပြုလုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဖြူးမြို့နယ် NLD ရုံးရှေ့ကိုလည်း အကြမ်းဖက် ရဲနဲ့စစ်သားတွေ  ရောက်ရှိပြီး အင်အားပြတာတွေ ပြုလုပ်နေကြတယ်လို့ ရုံးအနီးမှာနေထိုင်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013