Homeမြန်မာသတင်း
နွေဦးတော်လှန်ရေးတွင် ကျဆုံးသူ ၂၃၅ ဦးနှင့် ဖမ်းဆီးတရားစွဲခံရသူ ၂၃၃၀ ဦးရှိဟု အေအေပီပီထုတ်ပြန်
နွေဦးတော်လှန်ရေးတွင် ကျဆုံးသူ ၂၃၅ ဦးနှင့် ဖမ်းဆီးတရားစွဲခံရသူ ၂၃၃၀ ဦးရှိဟု အေအေပီပီထုတ်ပြန်
DVB
·
March 20, 2021
မြန်မာစစ်တပ်က အာဏာသိမ်းခဲ့တဲ့ ဖေဖော်ဝါရီလ ၁ ရက်မှ မတ်လ ၁၉ ရက်အထိ နွေဦးတော်လှန်ရေးကာလအတွင်း ကျဆုံးသူ ၂၃၅ ဦးထိရှိလာပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ပါတယ်။
အာဏာသိမ်းထားတဲ့ကာလအတွင်း စစ်ကောင်စီက ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ ၂၃၃၀ ဦးထိရှိပြီလည်းဖြစ်ပါတယ်။
အဲ့ဒီထဲကမှ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသူ ၁၅ ဦး၊ အမှုဖွင့်ခြင်းခံထားရပြီး ဖမ်းဝရမ်းထုတ်ခြင်းခံ ထားရတဲ့အတွက် တိမ်းရှောင်နေသူ ၈၇ ဦး၊ ပြန်လည် လွတ်မြောက်လာသူ ၃၅၀ ဦးရှိပြီလို့သိရပါတယ်။