DVB Logo
Home
မြန်မာသတင်း
အောင်ပန်းက ၈ ဦးအပါအဝင် ကျဆုံးသူစုစုပေါင်း ၂၃၅ ဦးထက်မနည်းရှိဟု အေအေပီပီ ထုတ်ပြန်
DVB
·
March 20, 2021
အောင်ပန်းက ၈ ဦးအပါအဝင် ကျဆုံးသူစုစုပေါင်း ၂၃၅ ဦးထက်မနည်းရှိဟု အေအေပီပီ ထုတ်ပြန်
Donate to DVB

စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြို ခွင်းမှုတွေကြောင့် ရှမ်းပြည်နယ်၊ အောင်ပန်းမြို့က ကျဆုံးသူ ၈ ယောက်အပါအဝင် စုစုပေါင်း ၂၃၅ ယောက်ရှိလာခဲ့ပြီဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ မတ် ၁၉ ရက်အထိ အေအေပီပီက မှတ်တမ်း ပြုစုကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး အမှန်တကယ်ကျဆုံးသူတွေဟာ ဒီ့ထက် ပိုများ နေနိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

နိုင်ငံတဝန်း ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခြင်းခံထားရသူ စုစုပေါင်းကတော့ ၂၃၃၀  ယောက်ထိ ရှိနေခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

အဲဒီထဲက ထောင်ဒဏ်ချမှတ်ခံထားရသူ ၁၅ ယောက်၊ အမှုဖွင့်ခံထားရပြီး ဖမ်းဝ ရမ်း ထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ ၈၇ ယောက်၊ ပြန်လည် လွတ်မြောက် လာသူ ၃၅၀ ယောက်ရှိနေတဲ့အတွက် လက်ရှိ အချိန်အထိ ၁၉၈၀ ယောက်ဟာ ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ်ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

မတ် ၁၉ ရက်နေ့ တရက်တည်းမှာတင် ရန်ကုန်တိုင်း သာကေတမြို့နယ်၊ ရှမ်းပြည် နယ် အောင်ပန်းမြို့၊ ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့ကို အပြင်းအထန်ဖြိုခွင်းခံခဲ့ရပြီး သာကေတမြို့နယ်က အမျိုးသား ၃ ယောက်ဟာ ကျည်အစစ်နဲ့ ပစ်ခတ်ခံခဲ့ရတဲ့အတွက် စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဆိုပါတယ်။

လွိုင်ကော်မြို့မှာလည်း အမျိုးသား ၁ ယောက် ကျဆုံးသွားခဲ့ပြီး သားဖွားဆရာမ ၁ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

အောင်ပန်းမြို့မှာတော့ အရပ်သားပြည်သူ ၈ ယောက် ကျဆုံးသွားခဲ့တယ်လို့ ကန ဦးသိရှိရပြီး အပြင်းအထန် ဒဏ်ရာရရှိသူတွေနဲ့ ကျဆုံးသူအရေအတွက်မှာ တိုးလာနိုင် တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါတယ်။

လူသားခြင်းစာနာမှုကင်းမဲ့တဲ့ ရာဇဝတ်မှုတွေကို အလွန်ဆိုးရွားစွာ ကျူးလွန်နေကြ တဲ့ စစ်အုပ်စုရဲ့ လုပ်ရပ်တွေကို တားဆီးနိုင်ခြင်းမရှိသေးတဲ့အတွက် ပြည်သူတွေဟာ နေ့ စဉ်နဲ့အမျှ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်နေကြရတာမို့ သူတို့ရဲ့ လုပ်ရပ်တွေကို အမြန်ဆုံး ရပ်တန့်နိုင်ဖို့ နိုင်ငံတကာအသိုက်အဝန်းမှ ထိရောက်တဲ့ နည်းတွေနဲ့ ကြားဝင်ဆောင်ရွက် ပေးကြဖို့လည်း အေအေပီပီက တိုက်တွန်းထားပါတယ်။   

အေအေပီပီ အနေနဲ့ လက်ရှိအခြေအနေတွေကို နေ့စဉ် စောင့်ကြည့်မှတ်တမ်းတင် နေတာဖြစ်ပြီး စစ်အာဏာသိမ်းမှုနဲ့ပတ်သက်ပြီး ဖမ်းဆီး၊ တရားစွဲဆို၊ ပြစ်ဒဏ် ချမှတ်ခံ ထားရသူတွေစာရင်းကို နေ့စဉ် ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။

အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးက ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခံထားရတာကို သိရှိပါက ဆက်သွယ် အသိပေး၊ အကြောင်းကြားဖို့လည်း အသိပေးထားပါတယ်။

ဒါ့အပြင် ဥပဒေပိုင်းဆိုင်ရာအကူအညီလိုအပ်ပါကလည်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ) မှ  ကိုအောင်ကြီး၊ ဖုန်း - ၀၉၄၅၁၅၂၉၀၀၀ နဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်သီတာလဲ့လဲ့ထွန်း၊ ဖုန်း -  ၀၉၇၇၄၀၈၁၅၈၅ တို့ကို  ဆက်သွယ်နိုင်ကြောင်းလည်း ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013