DVB Logo
Home
မြန်မာသတင်း
စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုက ခြိမ်းခြောက်မှုဖြစ်လာဟု WFP သတိပေး
DVB
·
March 17, 2021
စားသောက်ကုန်နှင့် လောင်စာဆီဈေးနှုန်း မြင့်တက်မှုက ခြိမ်းခြောက်မှုဖြစ်လာဟု WFP သတိပေး
Donate to DVB

မြန်မာနိုင်ငံမှာ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စားသောက်ကုန်နဲ့ လောင်စာဆီ ဈေးနှုန်း မြင့်တက်မှုတွေ ရှိလာပြီး ဒါဟာ အခြေခံလူတန်းစားတွေအတွက် ခြိမ်းခြောက်မှု တခု ဖြစ်လာနေတယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(ဒဗလျူအက်ဖ်ပီ)က သတိပေး ထားပါတယ်။

မတ် ၁၆ ရက်စွဲနဲ့ WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ စစ်တပ်က အာဏာသိမ်းပြီး ချိန်ကတည်းက စတင်ကာ မြန်မာနိုင်ငံတချို့နေရာတွေမှာ စားအုန်းဆီလက်လီဈေးနှုန်း ၂၀ ရာခိုင်နှုန်းထိ ဈေးတက်လာနေပြီး ဖေဖော်ဝါရီလကုန်ပိုင်းလောက်မှာတော့ ရန်ကုန်နဲ့ မန္တလေးမြို့ပြဆင်ခြေဖုံးဒေသတွင်း ဆန်ဈေးနှုန်း ၄ ရာခိုင်နှုန်းထိ မြင့်တက်လာခဲ့တယ်လို့ ဖော်ပြပါတယ်။

မြန်မာနိုင်ငံတဝှမ်း လေ့လာထားတဲ့ စျေးကွက်တွေထဲ ဆန်စျေးနှုန်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလလယ်ကစတင်ကာ ဖေဖော်ဝါရီလလယ်အထိ ပျမ်းမျှ ၃ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပြီး  ဗန်းမော်၊ ပူတာအိုအပါအဝင် ကချင်ပြည်နယ်မြို့နယ်အချို့မှာ ဆန်စျေးနှုန်းမြင့်တက် မှုဟာ ၂၀ ရာခိုင်နှုန်းကနေ ၃၅ ရာခိုင်နှုန်းအထိ ရှိနေတယ်လို့ ဆိုပါတယ်။

“ဒီရှေ့ပြေးလက္ခဏာတွေဟာ အထူးသဖြင့် တနေ့စာတနေ့ ရှာဖွေစားသောက်နေ ကြရတဲ့ အထိခိုက်လွယ်ဆုံးသူတွေအတွက် တကယ့်ကို စိတ်ပူစရာဖြစ်ပါတယ်။ ရှိနေပြီး သား ကိုဗစ်-၁၉ ရဲ့ ရိုက်ခတ်မှုတွေပေါ်မှာမှ  အခုလို ကုန်စျေးနှုန်းတွေ ဆက်ပြီး မြင့်တက် နေဦးမယ်ဆိုရင် အနွမ်းပါးဆုံးနဲ့ ထိခိုက်အလွယ်ဆုံးရပ်ရွာလူထုတွေအနေနဲ့ မိသားစုထ မင်းဝိုင်းမှာ ဝဝလင်လင် စားသောက်နိုင်ဖို့ အတော့်ကိုရုန်းကန်ကြရမယ့်အခြေအနေပါ”လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် စတီဖင်အန်ဒါဆန်က ပြောပါတယ်။

စားသုံးဆီ‌စျေးနှုန်း သိသိသာသာမြင့်တက်လာမှုကိုတော့  ရခိုင်ပြည်နယ်မြောက် ပိုင်းမှာ တွေ့ရှိခဲ့ရပြီး ဇန်နဝါရီလကနေ ဖေဖော်ဝါရီလအတွင်း ပျမ်းမျှ စားသုံးဆီဈေးနှုန်း ၂၇ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး မောင်တောမြို့နယ်မှာတော့ ပဲမျိုးစုံဈေးနှုန်း ၁၅ ရာ ခိုင်နှုန်းထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ စားသုံးဆီဈေးနှုန်း မြင့်တက်မှုတွေထဲမှာတော့  ရခိုင်ပြည်နယ်အလယ်ပိုင်းမှာ ၁၁ ရာခိုင်နှုန်းနဲ့ တနင်္သာရီတိုင်းဒေသကြီးမှာ ၁၄  ရာခိုင် နှုန်းအထိ တွေ့ရှိရကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် လောင်စာဆီစျေးနှုန်းမြင့်တက်မှုအနေနဲ့ နိုင်ငံ့အဝှမ်း ဖေဖော်ဝါရီ ၁ ရက် ကစတင်ကာ ၁၅ ရာခိုင်နှုန်းမြင့်တက်လာပြီး လောင်စာဆီစျေးနှုန်းမြင့်တက်မှုက စား နပ်ရိက္ခာစျေးနှုန်းတွေ ပိုပြီးတော့ မြင့်တက်လာအောင် တွန်းပို့နိုင်တဲ့ အခြေအနေမှာ ရှိနေ တယ်လို့ WFP က ဆိုပါတယ်။ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာတော့ ဓာတ်ဆီစျေး ၃၃ ရာ ခိုင်နှုန်းနဲ့ ဒီဇယ်စျေး ၂၉ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ကြောင်းလည်း ဖော်ပြထားပါတယ်။

အဲဒီလို စားသောက်ကုန်နဲ့ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်လာချိန်မှာ ဘဏ် လုပ်ငန်းကဏ္ဍလည်ပတ်မှုတွေ ဆိုင်းငံ့သွားနိုင်တာ၊ ငွေလွှဲပေးပို့မှုတွေ နည်းပါးသွားနိုင် တာ၊ ငွေသားလက်ဝယ် ရရှိနိုင်မှု အကန့်အသတ်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်လာနိုင် တာတွေက ပိုမိုခက်ခဲတဲ့ အခြေအနေတွေ ဖြစ်လာစေနိုင်တယ်လို့လည်း ဆိုပါတယ်။

WFP အနေနဲ့တော့ လတ်တလောကာလမှာ တိုက်ပွဲရှောင်စခန်းတွေမှာ နေထိုင်နေ ကြတဲ့ နေရပ်စွန့်ခွာလာရသူ ၃၆၀,၀၀၀ ကျော်အတွက် လစဉ်ထောက်ပံ့ပေးနေတဲ့ ကယ် ဆယ်ရေး စားနပ်ရိက္ခာနဲ့ ငွေသားအထောက်အပံ့တွေ ရပ်တံ့သွားတာမျိုး မရှိစေဖို့အ တွက် အရေး‌ပေါ်အရံစားနပ်ရိက္ခာတွေကို ဝယ်ယူစုဆောင်းနေကြောင်းလည်း ဖော်ပြထား ပါတယ်။

WFP ရဲ့ ကုန်စျေးနှုန်း အချက်အလက်တွေကိုတော့ မြို့နယ်ပေါင်း ၇၀ ကျော်က စျေးပေါင်း ၁၀၀ ကျော်နဲ့ မတူညီတဲ့ ကုန်သည်တွေနဲ့ စျေးဆိုင်‌ပေါင်း ၂၅၀ ဆီက ကောက် ယူ ရရှိထားကြောင်းလည်း အစီရင်ခံစာထဲမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013