DVB Logo
Home
မြန်မာသတင်း
တောင်ကိုရီးယား Jeonju မြို့တော်ဝန်နှင့် မြန်မာကျောင်းသားများ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး
DVB
·
March 16, 2021
တောင်ကိုရီးယား Jeonju မြို့တော်ဝန်နှင့် မြန်မာကျောင်းသားများ မြန်မာ့အရေး တွေ့ဆုံဆွေးနွေး
Donate to DVB

ကိုရီးယားနိုင်ငံ Jeonju မြို့တော်ဝန် Kim Seung-su ဟာ မြန်မာနိုင်ငံအရေးကို တတ်နိုင်တဲ့ဘက်က ဆောင်ရွက်ပေးနိုင်ဖို့ မတ်လ ၁၅ရက်နေ့ မနက်ပိုင်းက ကိုရီးယားကျောင်းမှာ ရှိတဲ့ မြန်မာကျောင်းသားတွေနဲ့ Jeonju မြို့တော်စည်ပင်သာယာရုံးမှာ တွေ့ဆုံခဲ့ပါတယ်။ 

Jeonju မြို့တော်ဝန်က တွေ့ဆုံလိုကြောင်း ဆက်သွယ်လာတာဖြစ်ပြီး Jeonju University, Jeonju Vision College နဲ့ Chonbuk University က ကျောင်းသားကျောင်းသူတွေနဲ့ တွေ့ဆုံခဲ့တာပါ။

“CDM လုပ်နေတဲ့သူတွေအတွက် အလှူငွေကောက်ခံနေပြီး ဒီအတွက်လည်း တတ်နိုင် သလောက် ကူညီပေးဖို့ ပြောခဲ့ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ စစ်ကောင်စီရဲ့ လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေရန်က ကာကွယ်ဖို့ ရပ်ကွက်အလိုက် လုံခြုံရေးဆောင်ရွက်တဲ့အခါ လိုအပ်တဲ့ပစ္စည်း တတ်နိုင်သလောက် ထောက်ပံ့ပေးဖို့လည်း ပြောခဲ့တယ်။ လက်ရှိ ကိုရီးယားကကျောင်းတွေမှာ တက်နေတဲ့ စစ်ကောင်စီနဲ့ ပတ်သတ်ဆက်နွယ်သူတွေကိုလည်း အရေးယူဆောင်ရွက်ပေးဖို့ ပြောခဲ့ပါတယ်။ မြန်မာနိုင်ငံအတွက် အရေးပေါ်ဆေးဝါးပစ္စည်းတွေ ကူညီပေးဖို့၊ လတ်တလော တိုက်ပွဲဖြစ်ပွါးနေတဲ့ ဒေသတွေက စစ်ဘေးဒုက္ခသည်တွေ အတွက် ဆေးဝါးနဲ့ အစားအသောက် အထောက်အပံ့တွေ ကူညီပေးဖို့ ပြောခဲ့တယ်” လို့  Jeonju University  ကိုယ်စားပြု သွားရောက်တွေ့ဆုံခဲ့တဲ့ ကျောင်းသူက ပြောပါတယ်။

Jeonju မြို့တော်ဝန် Kim Seung-su ကလည်း ကျောင်းသား/ကျောင်းသူတွေရဲ့ ပြောဆို တောင်းဆိုချက်တွေကို မြို့တော်ဝန်တွေရဲ့ အစည်းအဝေးနဲ့ လွှတ်တော် အစည်းအဝေးတွေမှာလည်း ထည့်သွင်း တင်ပြပေးသွားမယ်လို့ ပြောကြားသွားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013