DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင်း ဖမ်းဆီးခံကျောင်းသားများ ​ညှဉ်းပန်းနှိပ်စက်ခံရမှုများ ရှိနေ
DVB
·
March 16, 2021
အင်းစိန်ထောင်တွင်း ဖမ်းဆီးခံကျောင်းသားများ ​ညှဉ်းပန်းနှိပ်စက်ခံရမှုများ ရှိနေ
Donate to DVB

မတ်လ ၃ ရက်နေ့ ဗကသ (ပူးပေါင်း)စစ်ကြောင်းက အဖမ်းခံရတဲ့ ကျောင်းသားတွေဟာ အင်းစိန်ထောင်ထဲမှာ ညှဉ်းပန်းနှိပ်စက်ခံနေရတယ်လို့ လွန်ခဲ့တဲ့ ၄ရက်က အသက်မပြည့်လို့ ပြန် လွတ်လာတဲ့ ကျောင်းသားတွေက ပြောပါတယ်။

ဗကသများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ကိုဝေယံဖြိုးမိုး အပါအဝင် ကျောင်းသား ခေါင်းဆောင်တွေ ကို စစ်ကြောရေးဆက်တိုက်လုပ်ကာ ပြင်းပြင်းထန်ထန်နှိပ်စက်နေပြီး အဝတ်မဲစွတ်ကာ အုပ်စုလိုက် ဝိုင်းထိုးတာ၊ ရင်ဘတ်ကို ဆောင့်ကန်တာတွေ ပြုလုပ်နေတယ်လို့ သူတို့က ပြောပါတယ်။ အဆိုပါ ကျောင်းသားတွေမလွတ်ခင် ၃ရက်အလိုမှာ ကိုဝေယံဖြိုးမိုးကို မတွေ့ရတော့ဘဲ သက်သက်စီ ခွဲထားလိုက်တယ်လို့လည်း သိရပါတယ်။

ထောင်ထဲမှာ မိန်းကလေးတွေကိုလည်း လက်သုံးချောင်းထောင် ဒူးထောက် ခိုင်းပြီး တစ်ညလုံး ရိုက်နှက်စစ်ဆေးတာတွေလဲ ရှိခဲ့ပါတယ်။ အခုလိုပုံစံအတိုင်းသာ ဆက်ခံသွားနေရင် တစ်ပတ်နဲ့နှစ်ပတ်အတွင်းမှာ ကိုဝေယံဖြိုးမိုးအပါအဝင် ကျောင်းသားခေါင်းဆောင်တွေရဲ့ အသက်သေဆုံးသွားနိုင်တဲ့ အနေအထားမျိုး ဖြစ်သွားနိုင်တယ်လို့ ဗကသများအဖွဲ့ချုပ်က ပြောပါတယ်။

March လ ၃ရက်နေ့ ဗကသ သပိတ်စစ်ကြောင်းကနေ အဖမ်းခံထားရတဲ့   ရဟန်းရှင်လူ ကျောင်းသားပြည်သူ ၃၀၀ ကျော်ဟာ ခုထိ မလွတ်မြောက်သေးဘဲ ဆက်လက် ချုပ်နှောင် ညှဉ်းပန်းနှိပ်စက်ခံနေဆဲ ဖြစ်တယ်လို့လည်း သိရပါတယ်။

မတ် ၃ ရက်နေ့က ဖမ်းဆီးခံရတာ ၃၈၉ယောက်ရှိပြီး မတ်လ ၁၁ ရက်နေ့မှာ အသက်မပြည့်သေးတဲ့ ကျောင်းသား/သူ ကျား ၄၀ မ ၁၂ စုစုပေါင်း ၅၂ ပြန်လွတ်လာပါတယ်။ လက်ရှိ အင်းစိန်ထောင်မှာ ကျောင်းသားကျောင်းသူ ၃၃၇ ယောက် ဖမ်းဆီးခံထားရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013