မတ်လ ၁၅ရက်နေ့ ညနေ ၃ နာရီခွဲလောက်မှာ ဘုရင့်နောင် တံတားအဆင်း လှိုင်သာယာမြို့နယ် စက်မှုဇုန်မှတ်တိုင်အနီးမှာ ရဲနဲ့ စစ်သားက ကျည်အစစ်တွေနဲ့ ထပ်မံပစ်ခတ်မှုကြောင့် ၂ ယောက်သေဆုံးပြီး ၅ ယောက်ထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
သေဆုံးနှစ်ယောက်ဟာ အမျိုးတွေဖြစ်ပြီး ဦးခေါင်းကို ကျည်အစစ်နဲ့ အပစ်ခံရပြီး သေဆုံးခဲ့တာပါ။
ဒဏ်ရာရရှိတဲ့ သူတွေထဲမှာ အမျိုးသမီးငယ်တွေလည်းပါဝင်ပြီး ဆန္ဒဖော်ထုတ်တာမဟုတ်ဘဲ အိမ်တွေထဲအထိ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒဏ်ရာရရှိခဲ့သူ အမျိုးသမီးကပြောပါတယ်။
မတ်လ ၁၄ ရက်နေ့က လှိုင်သာယာမြို့နယ်မှာ ရဲနဲ့ စစ်တပ်က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ ၅၀ နီးပါး သေဆုံးခဲ့ပြီး လက်ရှိအချိန်ထိ လှိုင်သာယာရင်ခွဲရုံမှာ သေဆုံးသူ အလောင်းတွေ ရှိနေပါသေးတယ်။
သေဆုံးသူတွေထဲမှာ ပရဟိတသမားတွေလည်းပါဝင်ပြီး လက်ရှိမှာတော့ လှိုင်သာယာမြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာထားပါတယ်။