DVB Logo
Home
မြန်မာသတင်း
DKBA၊ BGF နှင့် စစ်တပ် ပူးပေါင်းအဖွဲ့ ၈ လကြာအထိ ဖလူး၊ မင်းလက်ပံကို မထိုးဖောက်နိုင်
အောင်ခန့်
·
June 30, 2026
Photo: စစ်ရေးသတင်းရင်းမြစ်
Photo: စစ်ရေးသတင်းရင်းမြစ်
Donate to DVB

ကရင်ပြည်နယ်၊ မြဝတီတောင်ဘက် ဖလူး၊ မင်းလက်ပံ တိုက်ပွဲအတွင်း လက်နက်ကြီးပစ်ကူ ရယူပြီး စစ်တပ်နဲ့အတူ DKBA၊ BGF တွေ ပူးပေါင်းထိုးစစ်ဆင်နေပေမဲ့ ၈ လကျော် ကြာတဲ့အထိ ထိုးဖောက်လို့ မရသေးဘူးလို့  စစ်ရေးသတင်းရင်းမြစ်က  ပြောပါတယ်။

မြဝတီမြို့တောင်ဘက် ဝေါလေလမ်းပိုင်းနဲ့ တပ်စခန်းတွေကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်တပ်ဘက်က တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (DKBA) ဗိုလ်ဘိအဖွဲ့၊ နယ်ခြားစောင့်တပ် (BGF) အကူအညီနဲ့ ထိုးစစ်ဆင်နေတာကြောင့် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၅ ရက်ကစပြီး စစ်အာဏာရှင်စစ်ကြောင်းတွေဟာ ဝေဟင်နဲ့ မြေပြင် ပစ်ကူရယူပြီး  ဖလူး၊ မင်းလက်ပံကျေးရွာကို ထိုးဖောက်ဝင်ရောက်ဖို့ ကြိုးစားနေတာဟာ ၈ လကျော် ကြာမြင့်လာတဲ့အထိ ထိုးဖောက်လို့ မရသေးပါဘူး။

စစ်ရေးသတင်းရင်းမြစ်တယောက်က “ဖလူး မင်းလက်ပံက ပုံမှန်အတိုင်း သူတို့(စစ်တပ်) ထိုးစစ်ထိုးတယ်။ တိုက်ပွဲတွေက နေ့တိုင်းဖြစ်တယ်။ နေ့တိုင်း တိုးလိုက် ပစ်လိုက်၊ တိုးလိုက် ပစ်လိုက် အဲဒီလိုပဲ။ သူတို့ လာလိုက် ဒီကပစ်လိုက်နဲ့။ သူ ထိခိုက်သူများ မများတော့ မသိဘူး။ သူတို့တွေက အင်အားတော့ တော်တော်များတယ်။ သတင်းသိရသလောက် ဟိုအောက်ကနေ တက်တက်လာတယ်။ နေ့တိုင်းပဲ ထိတွေ့မှုကတော့ ဆက်တိုက်ပဲဖြစ်နေတယ်။ (တိုက်ပွဲ)ကြီး ငယ်ပဲ ကွာတယ်” လို့ ပြောပါတယ်။

ဖလူး၊ မင်းလက်ပံ ကျေးရွာအနီး ဖြစ်ပွားနေတဲ့ တိုက်ပွဲအတွင်း စစ်အာဏာရှင်တပ်တွေနဲ့အတူ DKBA ဗိုလ်ဘိ ဦးဆောင်တဲ့ ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော်၊ ကျားဖြန့်ဆိုက်ကနေ DKBA ဘက်က ထုတ်ပယ်လိုက်တဲ့ နိုင်လွင်၊ BGF  ဗိုလ်မုတ်သုန်အဖွဲ့က ချင်းလုံ ဦးဆောင်တဲ့ တပ်ဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကရင်စစ်ရေးလေ့လာသူက “BGF နဲ့  DKBA မအလ ဘက်တော်သားတွေကလည်း ပူးပေါင်းပြီး ထိုးစစ်ဆင်နေတာကို မြင်တွေ့နေရတယ်။ စစ်ကောင်စီဘက်မှာတော့ စစ်သားတွေ၊ ပစတွေနဲ့ ပတ်သက်ပြီးတော့မှ အင်အားတွေ လျော့နည်းလာတယ်။ ကရင်ပြည်နယ် ထိုးစစ်မှာ ကျရှုံးမှုတွေ များပြားနေတယ် ဆိုတာကို  ကျနော်တို့ မြင်တွေ့နေရတယ်။ အခုကလည်း မိုးရာသီဖြစ်တဲ့အတွက် သူတို့ရဲ့ နယ်မြေကျွမ်းကျင်မှု သူတို့ရဲ့ စစ်ရေးမဟာဗျူဟာအရကတော့ ဒေသခံ ERO၊ တော်လှန်ရေးတပ်ဖွဲ့တွေကိုတော့ အသာစီးရယူဖို့တော့ ခက်ခဲတယ်လို့ ပြောချင်တယ်” လို့ ပြောပါတယ်။

လက်ရှိမှာလည်း စစ်တပ်က စစ်ကြောင်းထိုးတာ၊ လက်နက်ကြီး ပစ်ခတ်တာအပြင် လေကြောင်းရန်ကို စိုးရိမ်ပြီး လေးကေ့ကော်၊ မင်းလက်ပံ၊ ဖလူး၊ ရသေ့ဂူ၊ ထီးမယ်ဝါးခီး စတဲ့ ကျေးရွာက ဒေသခံ ၄,၀၀၀ ကျော်ဟာ သောင်ရင်းမြစ်တဘက်ကမ်း ထိုင်းနိုင်ငံဘက်နဲ့ နီးစပ်ရာတွေမှာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013