DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားက ခရစ်ယာန်တက္ကသိုလ်ကျောင်းကို စစ်တပ်အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းစစ်
DVB
·
March 14, 2021
မြစ်ကြီးနားက ခရစ်ယာန်တက္ကသိုလ်ကျောင်းကို စစ်တပ်အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်းစစ်
1 / 2
Donate to DVB

ကချင်ပြည်နယ် မြစ်ကြီးနားမြို့ နောင်နန်း ကချင်ခရစ်ယာန် ဓမ္မတက္ကသိုလ်ကျောင်းကို  မတ် ၁၃ ရက် ညပိုင်းက စစ်တပ်က အင်အားအလုံးအရင်းဖြင့် ဧည့်စာရင်း လာစစ်ခဲ့တယ်လို့  ဓမ္မတက္ကသိုလ်ကျောင်းက ထုတ်ပြန်ပါတယ်။

ည ၁၀ နာရီ ၃၀ မိနစ်က စစ်ကား ၁၀ စီးလောက်နဲ့ ဧည့်စာရင်း စစ်ဖို့ ကျောင်းဝင်းရှေ့ ရောက်ရှိခဲ့ပြီး ကျောင်းဝင်းတွင်းဝင်ဖို့ အချေအတင်ဖြစ်ခဲ့ကြပေမဲ့ ညှိနှိုင်းပြောဆိုခဲ့ပြီးနောက် တာဝန်ရှိ စစ်သား ၁၅ ဦးကိုသာ ဝင်ခွင့်ပြုခဲ့ပြီး ဧည့်စာရင်းစစ်ခွင့်ပြုခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက ကျောင်းတွင်းတာဝန်ရှိသူတွေနဲ့ ကျောင်းသား၊ ကျောင်းသူတွေကို တစ်နေရာမှာ စုစည်းနေစေပြီး နာမည်တွေ မေးမြန်းမှတ်သားတာ၊ ကျောင်းတွင်း လိုက်လံရှာဖွေတာတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ 

“ကျနော်တို့ ညတွင်းချင်းပဲ ၁၂ နာရီကျော်လောက် ကျောင်းကို လိုက်သွားကြတယ်။ ဘာသာရေးကျောင်းဖြစ်တဲ့အတွက် မစစ်ဆေးဖို့ ပြောခဲ့တယ်။ သူတို့ကလည်း တာဝန်အရ လာစစ်တာလို့ ပြောတယ်။ ကျောင်းက ပိတ်ထားတာကြာပြီ။ လောလောဆယ် music သင်တဲ့ ကလေး နည်းနည်းပဲရှိတာ။ လာစစ်တာဆိုရင်လည်း လူနည်းနည်းနဲ့ လာစစ်လည်း ရပါတယ်။ ခုလိုမျိုးကျတော့ စစ်ဆင်ရေးတစ်ခုလိုမျိုး အင်အားအများကြီးနဲ့ ရောက်လာတာတော့ မဖြစ်စေချင်ဘူး။ ကျောင်းသားတွေရော ရပ်ကွက်ကရော အထိတ်တလန့်ဖြစ်စေတယ်။ နောက်နောင် ဘာသာရေးအဆောက်အအုံတွေကိုတော့ ရှောင်ရှားပေးစေချင်ပါတယ်” လို့ KBC ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွမ်က ဆိုပါတယ်။ 

ဧည့်စာရင်းစစ်ဆေးတာတွေကိုဆောင်ရွက်ပြီ စစ်တပ်က အဲဒီကျောင်းကနေ မနက် ၂ နာ ရီ ၃၀ မိနစ်လောက်မှာ ပြန်လည်ထွက်ခွာသွားခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီ ကချင်ခရစ်ယာန်ဓမ္မတက္ကသိုလ်ကျောင်းကို ကိုဗစ်ကြောင့် ပိတ်ထားတာ ၁ နှစ်ကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

Photo - KTCS

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013