DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ညောင်တုန်းမြို့တွင် လူမဲ့သပိတ်ပြုလုပ်
DVB
·
March 14, 2021
စစ်တပ်နှင့်ရဲ ပစ်ခတ်ဖြိုခွင်းမှုများကြောင့် ညောင်တုန်းမြို့တွင် လူမဲ့သပိတ်ပြုလုပ်
1 / 12
Donate to DVB

ဧရာဝတီတိုင်း၊ ညောင်တုန်းမြို့မှာ မတ်လ ၁၄ ရက်နေ့က စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြမှုအနေနဲ့ လူမဲ့သပိတ်ကို ဧရာဝတီ ကရင်လူငယ်အဖွဲ့က ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့မှာ စစ်တပ်အာဏာသိမ်းပြီး ၁ ပတ်အကြာလောက်ကစပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူတွေ နေ့စဉ် ဆန္ဒပြနေကြီး ရဲနဲ့ စစ်တပ်က အင်အားသုံးဖြိုခွင်းတာတွေကြောင့် ဖမ်းဆီးခံရတာတွေလည်း ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကို မတ်လဆန်းပိုင်းက စတင်ကာ ရပ်ကွက်တွေထဲထိ လိုက်လံဖြိုခွင်းတာတွေ ရှိလာတာကြောင့် ပြောက်ကျားစနစ်နဲ့ ဆန္ဒပြခဲ့ကြပြိး ဒီနေ့မှာတော့ လူမဲ့သပိတ်စတင်ပြုလုပ်ခဲ့တာလို့ ဆိုပါတယ်။

ပထမဆုံး စတင်ပြုလုပ်ခဲ့တဲ့ လူမဲ့သပိတ်မှာတော့ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံတွေအနေနဲ့ အာဏာရှင်စနစ် ဖျက်သိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဖျက်သိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး၊ မတရားဖမ်းဆီးခံရသူများ လွှတ်ပေးရေး စတဲ့ကြွေးကြော်သံတွေပါဝင်တယ်လို့ သိရပါတယ်။

ညောင်တုန်းမြို့မှာ မတ်လ ၁၂ ရက်နေ့က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြရာမှာ အကာကွယ်အသုံးပြုဖို့ ဒိုင်းပြုလုပ်တဲ့နေအိမ်ကို ရဲက ဝင်ရောက်စီးနင်းခဲ့ပြီး ပြုလုပ်သူကို မမိတဲ့အတွက်ကြောင့် အမေနဲ့ သမီးကို ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013