DVB Logo
Home
မြန်မာသတင်း
CRPH ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ရန်ပုံငွေ လှူဒါန်းနိုင်
DVB
·
March 14, 2021
CRPH ၏ နိုင်ငံရေးလုပ်ငန်းစဉ်များ အောင်မြင်စေရန် ရန်ပုံငွေ လှူဒါန်းနိုင်
Donate to DVB

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့ နိုင်ငံရေး လုပ်ငန်းစဉ်တွေ အောင်မြင်စေဖို့အတွက် ရန်ပုံငွေလှူဒါန်းနိုင်ပြီ ဖြစ်ပါတယ်။

ဒီလှူဒါန်းမှုကိုတော့ CRPH ရဲ့ တိုက်ရိုက်အင်တာနက်လင့်ခ် https://crphmyanmar.org/donate/ ဒါမှမဟုတ် အင်တာနက်ပင်မစာမျက်နှာ https://crphmyanmar.org ပေါ်က “Donate” ခလုတ်ကို နှိပ်ပြီးတော့ လှူဒါန်းနိုင်တယ်လို့ ဆိုပါတယ်။

စစ်အာဏာရှင်ဆန့်ကျင်ရေး‌ "နွေဦးတော်လှန်ရေး"ကို ပြည်သူလူထု၊ ပြည်သူ့ ဝန်ထမ်းတွေနဲ့ ပြည်သူ့အစိုးရတို့ ဟန်ချက်ညီညီ အကောင်အထည်ဖော်ခဲ့ကြတဲ့ အာဏာ ဖီဆန်ရေးဆန္ဒပြပွဲတွေ၊ ရုံးမတက်နဲ့ ရုန်းထွက် CDM လှုပ်ရှားမှုတွေ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ၊ တိုင်းနဲ့ ပြည်နယ်လွှတ်တော် ကိုယ်စားပြုကော်မတီတွေနဲ့ အစိုးရအဖွဲ့ (CRPH) စတဲ့ ဒေါက်တိုင် ၃ ခုက ခိုင်မာအားကောင်းစွာ ထောက်ကန်ထားပြီး စစ်အာဏာရှင်ကို တော်လှန်ရုန်းကန်ခဲ့ကြတဲ့အတွက် အခုအခါ ပြည်သူ့ အောင်ပွဲရဲ့ ရောင်နီကို အားလုံးမြင်တွေ့နေကြရပြီဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်ဒီ) ပါတီက ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၁၅ ဦးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) ကို ဖွဲ့စည်းလိုက်ကြောင်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က ထုတ်ပြန် ကြေညာခဲ့တာပါ။

အဆိုပါ ထုတ်ပြန်ချက်ထဲမှာတော့ ကုလသမဂ္ဂ၊ နိုင်ငံတကာပါလီမန်တွေအပြင် နိုင်ငံတကာသံတမန်တွေအနေနဲ့ အခုဖွဲ့စည်းလိုက်တဲ့ ကိုယ်စားပြုကော်မတီကိုသာ တရားဝင်ဆက်သွယ်ဆောင်ရွက်ဖို့လည်း ဖော်ပြထားခဲ့ပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ကနဦး သဘောထားထုတ်ပြန်ချက် အမှတ် (၁/၂၀၂၁) ပါ တောင်းဆိုချက်တွေကိုလည်း CRPH က အကောင်အထည်ဖော်သွားမယ်လို့ ဖော်ပြပါတယ်။

အဲဒီတောင်းဆိုချက်တွေကတော့ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်အပါအဝင် ဖမ်းဆီးထားသူများအားလုံးပြန်လွှတ်ပေးရေး၊ ၂၀၂၀ ရွေးကောက်ပွဲ အတည်ပြုရလဒ်ကိုလေးစားလိုက်နာပြီး တတိယအကြိမ်လွှတ်တော်အစည်းအဝေးတွေ ခေါ်ယူရေးလုပ်ငန်းစဉ်တွေ ဟန့်တားပိတ်ဆို့ထားတာကို ရပ်ဆိုင်းပေးဖို့ ဖြစ်ပါတယ်။

လတ်တလောမှာတော့ မြန်မာနိုင်ငံနဲ့ ပြည်သူတွေအားလုံးရဲ့ အနာဂတ် ရာစုနှစ် ပေါင်းများစွာကို ပြောင်းလဲသွားစေမယ့် CRPH ရဲ့ နိုင်ငံရေးလုပ်ငန်းစဉ်တွေ အောင်မြင်စေရေး ရန်ပုံငွေအလှူမှာ မိတ်ဆွေတွေအားလုံးမှ တတပ်တအား ပါဝင်ကူညီနိုင်ကြဖို့ နှိုးဆော်ထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013