
ဧရာဝတီတိုင်း၊ ပုသိမ်မြို့ပေါ် ရပ်ကွက်တွေမှာ မတ်လ ၁၂ ရက်နေ့ ည ၈ နာရီကစတင်ပြီး ညသပိတ် ဒုတိယမြောက်နေ့ အဖြစ် အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့ ဆန္ဒပြတာတွေ ငြိမ်းချမ်းစွာ ပြုလုပ် ခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့မြို့ပေါ်ရပ်ကွက်တွေကို ပထမရက်မှာတော့ အကြမ်းဖက်လက်နက်ကိုင်တွေက လာရောက် လူစုခွဲတာမျိုး မရှိပေမယ့် ဒီကနေ့ ဒုတိယနေ့မှာ ရပ်ကွက်လမ်းသွယ်တွေထဲထိ ဝင်ရောက်ပစ်ခတ်လူစုခွဲတာတွေ ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ပုသိမ်မြို့မှာ မတ်လ ၁၂ ရက်နေ့ မနက်ပိုင်းက အာဏာသိမ်းစစ် ကောင်စီအလိုမရှိကြောင်း ဆန္ဓကြသူတွေကို အကြမ်းဖက် လက်နက်ကိုင်တွေက လိုက်လံ လူစုခွဲတာတွေပြုလုပ်ခဲ့လို့ ပျောက်ကြားစနစ်နဲ့ ဆန္ဒပြခဲ့ရပါတယ်။










