DVB Logo
Home
နိုင်ငံရေး
တာမွေကျောက်မြောင်း ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်း၊ အနည်းဆုံး ၃ ဦး ဖမ်းဆီးခံရ
DVB
·
March 11, 2021
တာမွေကျောက်မြောင်း ဆန္ဒပြပွဲကို အကြမ်းဖက်ဖြိုခွင်း၊ အနည်းဆုံး ၃ ဦး ဖမ်းဆီးခံရ
Donate to DVB

စစ်အာဏာရှင်ကျဆုံးရေး ဒီကနေ့ မတ် ၁၁ ရက်နေ့ မနက်ပိုင်းက တာမွေမြို့နယ်၊ ဗညားဒလလမ်းပေါ်မှာ ကျောင်းသားလူငယ်တွေ၊ ရပ်ကွက်နေပြည်သူတွေ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆန္ဒထုတ်ဖော်သူတွေဟာ ဗညားဒလလမ်းမနဲ့ ဩဘာလမ်းတွေမှာ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်နေကြတာဖြစ်ပြီး ဒီကနေ့ နေ့လယ် ၂နာရီ ၄၅ မိနစ် ဝန်းကျင်မှာ အာဏာသိမ်းစစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ စစ်သားတွေက အသံဗုံး၊ မျက်ရည်ယိုဗုံးတွေအသုံးပြုပြီး အကြမ်းဖက်ဖြိုခွင်း ဖမ်းဆီးခဲ့ကြပါတယ်။  

ဩဘာလမ်းမှာ နေထိုင်သူတစ်ဦးက “ကျမတို့ ဒီလမ်း(ဩဘာလမ်း) ကို အရင်က မဝင်လာဘူး။ လမ်းထိပ်ကပဲ အသံဗုံးနဲ့ မျက်ရည်ယိုဗုံးပစ်တာရှိတယ်။ ဒီနေ့ကတော့ အသံဗုံးတွေ ဆက်တိုက်ပစ်ပြီး ဝင်လာတာ။ ကလေးသုံးယောက်ကို ကုတ်ဆွဲပြီး ဆွဲခေါ်သွားကြတယ်” လို့ ဆိုပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တွေက ဒီနေ့မှာ မြိုင်၊ မြောက်ဒဂုံ၊ မန္တလေး၊ တောင်ငူ၊ မိုးကုတ်၊ ပဲခူး၊ သာကေတ၊ တာမွေ၊ ထားဝယ် စတဲ့မြို့နယ်တွေမှာ အကြမ်းဖက်ဖြိုခွင်းခဲ့ကြတာတွေရှိပါတယ်။

အခုလို ဆန္ဒပြသူတွေကို လက်နက်အင်အားသုံးပြီး ဆက်တိုက်ဖြိုခွင်းပေမယ့်လည်း နောက်နေ့မှာ ဆက်ပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့ Generation Z မျိုးဆက်တစ်ဦးဖြစ်သူတစ်ဦးက ပြောပါတယ်။

စစ်အာဏာရှင်ဆန့်ကျင် လူထုဆန္ဒပြပွဲတွေအတွင်း မတရားအကြမ်းဖက်ဖြိုခွင်းမှု တွေကြောင့် ဖမ်းဆီးထိန်းသိမ်းတရားစွဲဆိုခံထားရသူ ဦးရေဟာ ၁၇၀၀ ကျော်ရှိနေပြီး အဲဒီထဲမှာ ကျောင်းသား ၆၄၇ ဦးနဲ့ အများဆုံးပါဝင်တယ်လို့ နိုင်ငံရေးအကျဉ်းသားများကူ ညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013