
စဉ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ အမှတ် (၁၄) ရဲတပ်ရင်းက ဒုရဲအုပ် ၁ ဦးဟာ ပြည်သူလူထုနဲ့အတူ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပူးပေါင်းလာပါတယ်။
သမ္မတ ဦးဝင်းမြင့်နဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်ဆောင်ဆန်းစုကြည်တို့အား ဖမ်းဆီးထိန်းသိမ်းတဲ့ လက်ရှိ အာဏာသိမ်း စစ်အစိုးရလက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုခြင်း မရှိတာကြောင့် မတ် ၁၀ ရက်နေ့ကစပြီး အခုလို CDM မှာ ပူးပေါင်းပါဝင်တာလို့ သူ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားထားပါတယ်။
ဒါ့အပြင် နိုင်ငံတဝန်း ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေအား ဉပဒေမဲ့ အကြမ်းဖက် ဖြိုခွဲနေမှုတွေအပေါ် လုံးဝ လက်မခံနိုင်ဘူးလို့ ဆိုပါတယ်။
အခုလို CDM မှာ ပူးပေါင်းပါဝင်တာဟာ ရဲတပ်ဖွဲ့က နုတ်ထွက်တာမဟုတ်ကြောင်း၊ တပ်ဖွဲ့နဲ့ ပတ်သက်တဲ့ လက်နက်၊ ခဲယမ်း၊ စကားပြေစက်တွေကို လုံးဝမယူသွားဘူးလို့ ဒုရဲအုပ် ကော်တယ်ရှိန်းက ပြောပါတယ်။










