DVB Logo
Home
မြန်မာသတင်း
စစ်အာဏာသိမ်းမှုကြောင့် H&M က မြန်မာနိုင်ငံမှ အထည်ချုပ်အော်ဒါ အမှာရပ်ဆိုင်း
DVB
·
March 10, 2021
စစ်အာဏာသိမ်းမှုကြောင့် H&M က မြန်မာနိုင်ငံမှ အထည်ချုပ်အော်ဒါ အမှာရပ်ဆိုင်း
Donate to DVB

ဆွီဒင်နိုင်ငံအခြေစိုက် နာမည်ကျော် ဖက်ရှင်လုပ်ငန်း H&M က မြန်မာနိုင်ငံမှာ လတ်တလော ဆန္ဒပြမှုတွေတွင်း ပြည်သူတွေသေစေတဲ့အထိ အင်အားသုံး ဖြိုခွင်းမှုတွေ အပေါ် ထိတ်လန့်ခဲ့ရကြောင်းနဲ့ မြန်မာနိုင်ငံကနေ အထည်ချုပ်အော်ဒါအမှာသစ်တွေ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့ကစတင်ကာ စစ်တပ်က အာဏာသိမ်းယူမှုအပြီး လူထုလှုပ်ရှားမှုဆန္ဒပြပွဲတွေအတွင်း စစ်တပ်နဲ့ လုံခြုံရေးရဲတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် ပြည်သူအယောက်  ၆၀ လောက်သေဆုံးခဲ့ပြီး ရာနဲ့ချီဒဏ်ရာရက ထောင်နဲ့ချီ ဖမ်းဆီးခံထားရတာပါ။

H&M ဟာ မြန်မာနိုင်ငံနဲ့ လွန်ခဲ့တဲ့ ၇ နှစ်လောက်ကတည်းက လက်တွဲအလုပ်လုပ် ကိုင်ခဲ့တာဖြစ်ပြီး တိုက်ရိုက်ထောက်ပံ့သူ ၄၅ ယောက်လောက်ရှိတယ်လို့ သူ့ရဲ့ ဝက်ဘ် ဆိုက်ဒ်ပေါ်မှာ ဖော်ပြထားပါတယ်။

H&M ရဲ့ မြန်မာနိုင်ငံဆိုင်ရာ Country Manager တယောက်ဖြစ်တဲ့ ဆာကန်တန် ကာက “မြန်မာနိုင်ငံတွင်း ကာလရှည်ကြာ ဆက်လက်အလုပ်လုပ်ကိုင်ဖို့အတွက် ချက်ချင်း အရေးယူဆောင်ရွက်တာမျိုးတွေ မလုပ်ရသေးပေမယ့် လက်ရှိမှာတော့ အမှာ အော်ဒါအသစ်တွေကို ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်”လို့ အီးမေးလ်ကတဆင့် ပြော ထားပါတယ်။

“ခုလိုဆုံးဖြတ်ရတာဟာ ထုတ်လုပ်မှုနဲ့ အခြေခံအဆောက်အအုံဆိုင်ရာ စိန်ခေါ်မှုတွေ၊ ကုန်ကြမ်းတင်သွင်းမှု၊ ကုန်ချောသယ်ယူပို့ဆောင်မှု အပါအဝင် နိုင်ငံတွင်းမှာ လုပ်ငန်းတွေ ဆက်လုပ်ဖို့ ကျနော်တို့ရဲ့ လုပ်ဆောင်နိုင်မှုစွမ်းရည်ကို အကန့်အသတ်ဖြစ်စေတဲ့ မျှော်လင့်မထားတဲ့ အခြေအနေနဲ့ အခက်အခဲတွေကြောင့် ဖြစ်ပါတယ်”

       H&M ဟာ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အထူးစိုးရိမ်နေပြီး ကုလသမဂ္ဂအေဂျင်စီတွေ၊ သံတမန်ရေးရာကိုယ်စားလှယ်တွေ၊ လူ့အ ခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ကုန်သွယ်ရေးဆိုင်ရာ သမဂ္ဂတွေ၊ တခြား နိုင်ငံတကာလုပ်ငန်းတွေနဲ့ပါ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ ထိုင်းနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရင် သေးငယ်ပေမယ့် စက်ရုံပေါင်း ၆၀၀ ဝန်းကျင်မှာ လုပ်သားအများအပြားရှိပြီး ၂၀၂၀ ပြည့်နှစ်မှာ လုပ်သားပေါင်း ၄ သိန်းခွဲ ဝန်းကျင်ကို အလုပ်အကိုင်တွေ ထောက်ပံ့ပေးထားနိုင်တယ်လို့ မြန်မာနိုင်ငံအထည်ချုပ်လုပ်ငန်းရှင်များအသင်းက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013