DVB Logo
Home
မြန်မာသတင်း
ကျောက်မဲသပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက်ဖြိုခွဲခံရ လူအချို့ဖမ်းဆီးခေါ်ဆောင်သွား
DVB
·
March 10, 2021
ကျောက်မဲသပိတ်စစ်ကြောင်း သေနတ်ပစ်ဖောက်ဖြိုခွဲခံရ လူအချို့ဖမ်းဆီးခေါ်ဆောင်သွား
1 / 6
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း ကျောက်မဲမြို့က ပြည်သူတွေဟာ စစ်အာဏာရှင်ကျဆုံးရေး တစ်လနီးပါးဆန္ဒပြလာရာမှာ ဒီကနေ့ မတ်လ ၁၀ ရက် မှာတော့ ပထဆုံးအကြိမ် ဖြိုခွဲခံရပြီး  လူအချို့ ဖမ်းဆီး ခံခဲ့ရပါတယ် ။ 

သပိတ်စစ်ကြောင်းဖြိုခွင်းခံရမယ့်အကြောင်း သတင်းကြိုသိထားတဲ့အတွက် ဆန္ဒပြသူ တွေဟာ ခါတိုင်းလို တစ်စုတည်းဆန္ဒမပြတော့ဘဲ စစ်ကြောင်း ၁၀ ကြောင်းခွဲပြီး ဆိုင်ကယ်တွေနဲ့ မြို့ကိုပတ်ကာ နေရာအနှံ့ အော်ဟစ်ဆန္ဒပြခဲ့ပေမယ့် မနက် ၁၀ နာရီလောက်မှာ သေနတ်ဖောက်ဖြိုခွဲခံရသလို  လူတချို့ ဖမ်းဆီးခံရတယ်လို့ ကျောက်မဲဆန္ဒပြသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ် ။ 

“ဒီနေ့မှာ အဖြိုခံရမယ်ကြားလို့ ကိုယ့်အဖွဲ့နဲ့ကိုယ်ထွက်ပြီး ဆန္ဒပြတာ  ဆိုင်ကယ်တွေနဲ့ ၊ ကျနော်တို့ မနက် ၉ နာရီလောက်ကစထွက်တယ် ၊ ၁၀ နာရီလောက်မှာ လုံခြုံရေးတပ်ဖွဲ့တွေ အနောက်ကလိုက်လံတားဆီးတာခံရပါတယ် ၊ ရပ်ကွက် ၄ ထဲဝင်သွားတဲ့အဖွဲ့က ဝါဆို လက်ဖက်အကြော်ဆိုင်နားရောက်တော့ လုံခြုံရေးတပ်က သူတို့ကို ပိတ်ဆို့ပြီး သေနတ် ၂ ချက်ဖောက် ခြိမ်းခြောက်တယ် ၊ အဲဒါနဲ့ လူစုခွဲလိုက်ကြပါတယ် ၊ ရပ်ကွက် ၆ ထဲဝင်သွားတဲ့အဖွဲ့ကျတော့  လုံခြုံရေးတပ်ဖွဲ့တွေက ရိုးရိုးအရပ်ကားနဲ့ လိုက်လာလို့ သူတို့က မထင်ဘူးလေ ၊ မြို့ပြင်ဘက်ရောက်တော့ သူတို့ ခဏနားပြီး ဓာတ်ပုံတွေရိုက် အော်တဲ့လူက ဆက်အော် အဲလိုလုပ်နေတုန်း  မတ်တူးကားက သူတို့ကြားထဲ ဝင်လာတာ၊ အထဲမှာ သေနတ်တွေပါလာတာတွေ့တော့ အကုန်ထွက်ပြေးတယ် ၊ အဲဒီကားကလည်း သူတို့ကိုလိုက်ဖမ်းတယ် ၊ ဘယ်နှယောက်ပါသွားလဲတော့ မသိဘူး ”

ဆန္ဒပြသူတွေ လူစုကွဲသွားတာကြောင့် ဘယ်သူကအဖမ်းခံရပြီး ဘယ်သူက ပုန်းအောင်းနေတယ်ဆိုတာ မသိကြကြောင်း ၊ ရဲစခန်းကို လူ ၁၀ ယောက်လောက် ခေါ်သွားတယ်လို့လည်း ကြားတယ်လို့ သူကဆက်ပြောပါတယ် ။ 

ဆန္ဒပြသူတွေ အဖမ်းခံရကြောင်းသိလို့  အစက ကျောက်မဲရဲစခန်းရှေ့မှာ လူတစ်ရာ ကျော်သွားရောက်ဝိုင်းရံခဲ့ကြောင်း ၊ အဲဒီနောက် စစ်ကားတွေထပ်ရောက်လာလို့ မလို လားအပ်ဘဲ နောက်ထပ်အဖမ်းခံရမှာစိုးလို့ လူစုခွဲပြီး မလှမ်းမကမ်းကနေ စောင့်ကြ ည့်နေကြတယ်လို့ ဆိုပါတယ် ။ 

ဖမ်းဆီးခံရသူတွေပြန်လွှတ်ပေးဖို့ ကျောက်မဲကရှေ့နေတွေ ၊ လွှတ်တော်ကိုယ်စားလှယ်နဲ့ လူမှုအဖွဲ့အစည်းကလူတွေ သွားရောက်ညှိနှိုင်းတောင်းဆိုနေတယ်လို့ ကျောက်မဲဒေသခံက ပြောပါတယ် ။ 

ကျောက်မဲဒေသခံတွေဟာ စစ်အာဏာရှင်ကျဆင်းရေး နေ့စဉ်မပျက်သပိတ်စစ်ကြောင်းချီခဲ့ပြီး ဒီကနေ့ ၂၉ ရက်မြောက်တဲ့နေ့မှာ ပထမဆုံးအကြိမ် ဖြိုခွဲခြင်းခံခဲ့ရတာပါ ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013