DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ R2P တောင်းဆိုသည့်စာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လက်ခံရရှိ
DVB
·
March 10, 2021
မြန်မာနိုင်ငံမှ R2P တောင်းဆိုသည့်စာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်လက်ခံရရှိ
Donate to DVB

အာဏာသိမ်းစစ်တပ်က  ကျူးလွန်တဲ့ အကြမ်းဖက်မှုတွေ ရပ်တံ့ရေး နိုင်ငံခြားက ဝင်ရောက် စွက်ဖက်ဖို့ တောင်းဆိုထားတဲ့ မြန်မာနိုင်ငံက စာတစောင်ကို လက်ခံ ရရှိထားတယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရပ်စ်ရဲ့ ပြောခွင့်ရသူ စတက်ဖှနီ ဒူဂျာရစ်က အတည်ပြု ပြောပါတယ်။ 

အကာအကွယ်ပေးရန်တာဝန်ရှိမှု  R2P ကတိကဝတ်ကိုတည်ရေး ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကအရေးယူဖို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ရဲ့  ကုလသမဂ္ဂဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာက အတွင်းရေးမှူးချုပ်ထံ အရင်အပတ်က စာတစောင် ပေးပို့ခဲ့တာပါ။ 

“စာကို ရထားပါပြီ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးသံတမန်ကလည်း အဓိက ပတ်သက်သူတွေနဲ့ ဆက်သွယ်ဆဲ အစီအစဉ် အစိတ်အပိုင်း အနေနဲ့ ရွေးကောက်ခံ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်ပြီးပါပြီ”  ဒူဂျာရစ်က မတ်လ ၈ ရက်မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။ 

အကာအကွယ်ပေးရန် တာဝန်ရှိမှု R2P (Responsibility to Protect) ဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ စစ်ရာဇဝတ်မှု၊ လူသားမျိုးနွယ်တွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးစု သုတ်သင်ရှင်းလင်းတဲ့ ရာဇဝတ်မှုတွေကို ကာကွယ်ပေးနိုင်ဖို့အတွက် ၂၀၀၅ ခုနှစ်မှာ ကျင်းပခဲ့တဲ့ ကုလသမဂ္ဂညီလာခံကနေ  ချမှတ်ခဲ့တဲ့ ကမ္ဘာ့လုံးဆိုင်ရာ မူဝါဒ ဖြစ်ပါတယ်။

R2P ဟာ နိုင်ငံတကာဥပဒေတခုမဟုတ်သလို နိုင်ငံတကာစာချုပ်တခုလည်း မဟုတ်တဲ့အတွက် မဖြစ်မနေ လုပ်ဆောင်ရမယ့် ဥပဒေစည်း‌‌နှောင်မှုမျိုးလည်း မရှိပါဘဲ အရပ်သားပြည်သူတွေအပေါ် ရာဇဝတ်မှုကျူးလွန်တာတွေမဖြစ်အောင် ဝိုင်းဝန်းကာကွယ်ပေးဖို့ သဘောတူထားတဲ့ နိုင်ငံရေးမူတခုပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်အုပ်စုက ပြည်သူလူထုကို အကြမ်းဖက်ပစ်ခတ် သတ်ဖြတ် ဖမ်းဆီးမှုတွေ နိုင်ငံတဝန်းမှာ အကြီးအကျယ် လုပ်ဆောင်နေတဲ့အတွက်  နိုင်ငံတကာ အသိုင်းအဝန်းအနဲ့ R2P အရ လူထုကိုအကာကွယ်ပေးဖို့နဲ့ နောက်ဆုံး  နိုင်ငံခြား စစ်တပ် ဝင်ရောက်ဖို့ နည်းလမ်းကိုပါ လူထုက မျှော်လင့်နေပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013