DVB Logo
Home
မြန်မာသတင်း
အင်းစိန်ထောင်တွင် ဖမ်းဆီးခံဆန္ဒပြ ပြည်သူ ၁ ဦးသေဆုံး
DVB
·
March 10, 2021
အင်းစိန်ထောင်တွင် ဖမ်းဆီးခံဆန္ဒပြ ပြည်သူ ၁ ဦးသေဆုံး
Donate to DVB

ရန်ကုန် အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံရတဲ့ဆန္ဒပြ ပြည်သူတစ်ဦးသေဆုံးပြီး ပိုင်ရှင်မဲ့အလောင်း အဖြစ် ရောက်ရှိလာတာ ကြားရပေမယ့် မိသားစုတွေက ဆက်သွယ်လာတာမရှိသေးဘူးလို့ ပြည်သူ့ပါတီ ဥပဒေရေးရာကော်မတီအဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

စစ်တပ်ကအာဏာသိမ်းယူလိုက်တဲ့နောက်ပိုင်း မြန်မာနိုင်ငံ အနှံ့အပြားမှာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကန့်ကွက်မှုတွေ နေရာအနှံ့ဖြစ်ပေါ်ခဲ့သလို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က သေနတ်နဲ့ အကြမ်းဖက်ပစ်ခတ်ဖြိုခွဲခဲ့တာကြောင့် သေဆုံးသူ ၆၀ ကျော်အထိရှိလာပြီဖြစ်ပါတယ်။ 

အင်းစိန်အကျဉ်းထောင်မှာဆိုရင်လည်း ရန်ကုန်မြို့က ဆန္ဒပြပြည်သူတွေနဲ့ ကျောင်းသား တွေကို ပစ်ခတ်ဖမ်းဆီးထားတာရှိပြီး တချို့ကိုဆက်သွယ်လို့မရတာတွေရှိသလို မိသားစုတွေက ဆက်သွယ်မှုမရှိသေးတဲ့ ပိုင်ရှင်မဲ့အလောင်းတစ်လောင်းရောက်နေတယ်လို့ သတင်းကြားကြောင်း ပြည်သူ့ပါတီဥပဒေရေးရာကော်မတီ အဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။

ပြည်သူတွေကို ညဘက်အကြမ်းဖက်ဖမ်းဆီး သတ်ဖြတ်မှုတွေနဲ့ လမ်းပေါ်မှာ သေနတ်နဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေဟာ ကမ္ဘာ့ရာဇဝတ်မှုအကြီးဆုံးတွေကို ကျူးလွန်နေတာဖြစ်တဲ့အတွက် စစ်ကောင်စီကနေ ကျူးလွန်နေတဲ့တပ်ဖွဲ့ဝင်တွေအထိ တာဝန်ခံရမှာဖြစ်တယ်လို့ လူ့အခွင့်အရေး ပညာပေးသူများကွန်ရက် စေ့စပ်ညှိနှိုင်းရေးမှူး ဦးအောင်ဇော်ထွေး က ပြောပါတယ်။ 

မြန်မာနိုင်ငံမှာ အရပ်သားအစိုးရဆီကနေ စစ်တပ်က အာဏာသိမ်းယူပြီးနောက်ပိုင်း တနိုင်ငံလုံးအတိုင်းအတာနဲ့ စစ်အာဏာရှင်အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒပြမှုတွေအပေါ် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ကပြည်သူတွေကို ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်သတ်ဖြတ်မှုတွေလုပ်ခဲ့ပြီး ညအချိန်မတော် ဖမ်းဆီးခံရတဲ့သူတချို့လည်း အသက်သေဆုံးမှုတွေလည်း ရှိခဲ့ပါတယ်။

ဒီလိုအကြမ်းဖက်သတ်ဖြတ်မှုတွေဟာ ကမ္ဘာ့ ရာဇဝတ်မှုအကြီးဆုံးတွေကို ကျူးလွန်နေတာ ဖြစ်ပြီး နိုင်ငံတကာရာဇဝတ်ခုံရုံးမှာ စစ်ဆေးရမယ့်ပြစ်မှုတွေဖြစ်တယ်လို့ ဦးအောင်ဇော်ထွေးက ပြောပါပါတယ်။ 

စစ်ကောင်စီဘက်က အကြမ်းဖက်ဖမ်းဆီးသတ်ဖြတ်မှုတွေအပေါ် ဆေးစာရရှိဖို့လိုအပ်ပြီး ဆေးစာနဲ့ကျူးလွန်သူဘယ်သူ့ကိုမဆို တရားစွဲလို့ရတယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးလှမျိုးမြင့်က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013