DVB Logo
Home
မြန်မာသတင်း
သံတွဲနှင့်ငပလီက လူငယ် ၂ ဦးကို ဖမ်းဝရမ်းထုတ်ပြီး ရဲနှင့်စစ်တပ်က လိုက်လံဖမ်းဆီး
DVB
·
March 9, 2021
သံတွဲနှင့်ငပလီက လူငယ် ၂ ဦးကို ဖမ်းဝရမ်းထုတ်ပြီး ရဲနှင့်စစ်တပ်က လိုက်လံဖမ်းဆီး
Donate to DVB

သံတွဲမှာ စစ်အာဏာရှင်အလိုမရှိကြောင်း မြို့ပတ်ပြီး ငြိမ်းချမ်းစွာစုဝေးလှည့်လည် ဆန္ဒပြလို့ ဖမ်းဝရမ်းထုတ်ခံထားရသူ ၂ ‌ယောက်ကို မနေ့ညက ရဲနဲ့ စစ်တပ်က သူတို့အိမ်တွေမှာ လာရှာတယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။

သံတွဲမြို့နယ်နဲ့ ငပလီမြို့ အုပ်ချုပ်ရေးမှူးတို့က တရားလိုပြုကာ ဖမ်းဝရမ်းထုတ်ခံထားရသူတွေကတော့ သံတွဲမြို့နေ ကိုဇေယျာထွန်းနဲ့ ငပလီမြို့၊ ဂျိတ်တောရပ်ကွက်နေ ကိုဟန်မျိုးသူရိန်တို့ပဲ ဖြစ်ပါတယ်။ 

သူတို့ကို သံတွဲမြို့နဲ့ ငပလီမြို့ဆန္ဒပြတာတွေမှာ ဦးဆောင်ခဲ့သူတွေလို့ယူဆပြီး အခုလို ဖမ်းဝရမ်းထုတ် လိုက်လံဖမ်းဆီးနေတာလို့ ဆန္ဒပြရာမှာ ပါဝင်ခဲ့တဲ့ သံတွဲမြို့ခံ လူငယ်တယောက်က ပြောပါတယ်။

ကိုဟန်မျိုးသူရိန်ကတော့ သူ့အနေနဲ့ သံတွဲမြို့မှာ ပထမဆုံးအဖမ်းခံခဲ့ရတဲ့ ဆန္ဒပြသူတယောက် လွတ်မြောက်ဖို့ ကြိုးစားပေးခဲ့တာနဲ့ မြပြင်မှာ ဆန္ဒပြမယ်လို့ ကြားတာကြောင့် သွားရောက်ကြည့်ရှုခဲ့တာလို့ ဆိုပါတယ်။

သူတို့ကို ဖမ်းဝရမ်းထုတ်ခဲ့ပြီးတဲ့နောက်ပိုင်းမှာလည်း သံတွဲမြို့မှာ လမ်းပေါ်ထွက်ဆန္ဒပြတာတွေ၊ စစ်အစိုးရအလိုမရှိကြောင်း ကန့်ကွက်လှုပ်ရှားတာတွေ ဆက်ဖြစ်နေတာပါ။

ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆန္ဒပြနေတုန်း ရဲတွေက လူစုခွဲဖို့ မပြောခင်မှာ မိန်းကလေး ၁ ယောက်၊ လူငယ် အမျိုးသား ၂ ယောက်တို့ကို ဖမ်းဆီးခဲ့ပြီး သူတို့ကို လွှတ်ပေးဖို့ ရဲစခန်းနားမှာ လူတွေစုရုံးတောင်းဆိုကြတုန်း မုန့်တွေ၊ ရေတွေ ပေးဝေခဲ့တဲ့ သက်ကြီးပိုင်း အမျိုးသားတယောက်ကိုလည်း ထပ်ပြီး ဖမ်းဆီးခဲ့ပါတယ်။ 

အဖမ်းခံထားရသူ ၄ ယောက်ဟာ ဒီနေ့အထိ မိသားစုဝင်တွေနဲ့ တွေ့ခွင့်မရသေးသလို ရုံးထုတ်ခွင့်လည်း မရသေးလို့ ဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေ ဘာတခုမှ မရသေးပါဘူး။

ဒါ့အပြင် ဆန္ဒပြနေသူတွေကို ရဲက ကားနဲ့ဖြတ်တိုက်လို့ ရဲကားကို လက်သီးနဲ့ ထိုးခဲ့သူ တယောက်ကတော့ အာမခံနဲ့တရားရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ သံတွဲမြို့နဲ့ ငပလီမှာ စစ်အာဏာရှင်ထောက်ခံကြောင်း ဆန္ဒပြပွဲ နှစ်ကြိမ်လုပ်ခဲ့ရာမှာ စစ်တပ်နဲ့ ရဲက ဝန်းရံပေးခဲ့ပြီး အဖမ်းခံရတာလည်း တယောက်မှ မရှိခဲ့ပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013